BBC navigation

အီရတ်အတွက် ဗြိတိန်ရဲ့ စစ်ရေး အကူအညီ

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2014 - 14:52 GMT

ဆိုက်ပရပ်စ် လေတပ်စခန်းက ဗြိတိန်ရဲ့ တိုနေးဒိုး တိုက်လေယာဉ် တစီး

ဗြိတိန် နိုင်ငံက အီရတ်မှာ လူသားချင်း စာနာတဲ့ အကူအညီ တွေထက် ကျော်လွန်ပြီး ထောက်ပံ့ ကူညီမှုတွေ ပိုမို ပေးအပ် သွားမယ်လို့ ပြောပါတယ်။

ဒီလို ထောက်ပံ့ ကူညီရေး လုပ်ငန်းဟာ လနဲ့ချီ ကြာမြင့်နိုင်ပြီး လောလောဆယ်မှာ ကာ့ဒ် တိုက်ခိုက်ရေး သမားတွေ အတွက် လက်နက် ခဲယမ်းတွေကို တတိယ နိုင်ငံတွေက တဆင့် ပို့ဆောင် ပေးနေတယ်လို့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဗြိတိသျှ စစ်လေယာဉ်တွေ အီရတ် နိုင်ငံ အတွင်းပိုင်းအထိ သွားရောက်ပြီး ဂျီဟတ်ဒစ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို ရယူ စုဆောင်းနေတယ် လို့လည်း ပြောပါတယ်။

ဒါပေမယ့် အီရတ်မှာ ဖြစ်နေတဲ့ စစ်ပွဲမှာ ဗြိတိန် အနေနဲ့ နောက်ထပ် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ပတ်သက်တော့မှာ မဟုတ်ဘူးလို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဖြေကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။