ဒတ်ချ် မှုခင်း ဆေးအဖွဲ့ အလောင်းတွေ စစ်ဆေးခွင့်ရ

  • 21 ဇူလိုင် 2014
ဒတ်ချ် မှုခင်း ဆေးအဖွဲ့ အလောင်းတွေကို စစ်ဆေး

မလေးရှား လေယာဉ်ပေါ်မှာ လိုက်ပါသွားခဲ့သူ ခရီးသည်တွေရဲ့ အလောင်းတွေကို ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ဘူတာရုံမှာ ဒတ်ချ် မှုခင်းဆိုင်ရာ ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့ပါတယ်။

ခရီးသည်တွေရဲ့ အလောင်းတွေကို တင်ဆောင်လာတဲ့ ရထားကို လေယာဉ် ပစ်ချခံ ခဲ့ရတဲ့ နေရာနဲ့ ၁၅ ကီလိုမီတာ အကွာမှာ ရှိတဲ့ Torez မြို့မှာ OSCE ခေါ် ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က စောင့်ကြည့် လေ့လာသူတွေနဲ့ အတူ ဒတ်ချ် မှုခင်း ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင် Peter Van Vliet ကတော့ ရထားပေါ်မှာ အလောင်းတွေကို ထိန်းသိမ်းထားပုံ ကောင်းမွန်ပါတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ခရီးသည် ၂၇၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။

ခရီးသည် ၂၉၈ ယောက် လိုက်ပါသွားတဲ့ မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်း သူပုန်တွေရဲ့ နယ်မြေမှာ ဒုံးကျည် ထိမှန် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ