BBC navigation

BRICS အဖွဲ့က ဘဏ်အသစ်ထောင်ဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 16 ဇူလိုင်လ 2014 - 02:56 GMT
_brics_leaders_

BRICS အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ စုပေါင်းထား တဲ့ စီးပွားရေး အင်အားစု ဘရစ်စ် အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်းပြီး၊ ဖွံ့ဖြိုးရေး ဘဏ် အသစ် တစ်ခု တည်ထောင်ကြဖို့ နဲ့၊ ရန်ပုံငွေ အဖွဲ့ တစ်ခုလည်း ထားရှိဖို့ အရေး သဘောတူခဲ့ ကြပါတယ်။

အခု ဘရစ်စ် အဖွဲ့ဟာ၊ ကမ္ဘာ ပေါ်မှာ လက်ရှိ တွင်ကျယ်နှင့်ပြီး၊ ကမ္ဘာ့ဘဏ် World Bank နဲ့၊ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF တို့နဲ့ အပြိုင်၊ ဘဏ်သစ် တည်ထောင် ဖွဲ့စည်း လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကသာ ကြီးစိုးထားခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို တန်းတူ ညီမျှတဲ့ မဲပေးခွင့် အခွင့်အရေး ပေးမထားတဲ့ အချက်နဲ့ ပတ်သက်ပြီး ဘရစ်ခ်စ် နိုင်ငံတွေက တောက်လျှောက် ဝေဖန်ခဲ့ကြပါ တယ်။

ဘရစ်စ် က တည်ထောင်မယ့် ဘဏ်ရုံးချုပ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှာ ထားမှာပါ။ ဘဏ်ရဲ့ ပထမဥက္ကဌကတော့ အိန္ဒိယနိုင်ငံက ဖြစ်ပါတယ်။

အခု ဘရစ်စ် အဖွဲ့ ဆွေးနွေးပွဲ ကို၊ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ တဲ့၊ ဘရာဇီး သမ္မတ ဂျေးလ်မာ ရူးဆက် က၊ အခုလို ဘဏ် အသစ် ထောင်ဖို့ ခြေလှမ်းဟာ၊ ကမ္ဘာ့ ဘဏ္ဍာရေး လောက ကို ပြန်လည် အသွင်သစ် ပြောင်းနိုင်ဖို့ ရာ၊ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် အဖြစ် ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။