ပါကစ္စတန်သူ မာလာလာ နိုင်ဂျီးရီးယားကို ရောက်နေ

  • 14 ဇူလိုင် 2014
ပြန်ပေးဆွဲခံ ကျောင်းသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ခဲ့တဲ့ မာလာလာ

ပြန်ပေးဆွဲ ခံထားရတဲ့ ကျောင်းသူ ၂ရာကျော် ပြန်လွတ်လာရေးအတွက် နောက်ထပ် ဆောင်ရွက်မှုတွေ လုပ်ရေး ဖိအားပေးဖို့ နိုင်ဂျီးရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ပါကစ္စတန် အမျိုးသမီးငယ် မာလာလာ ယူဆက် ဇာအီ က ကျောင်းသူတွေကို ပြန်ပေးဆွဲထားတဲ့ ဘိုကို ဟာရမ် အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ဟာ အစ္စလာမ် အမည်ကို အလွဲသုံးစား လုပ်နေတယ်လို့ ပြောလိုက်ပါတယ်။

ပညာရေးဟာ မိန်းကလေးတွေအတွက် မဟုတ်ဘူးလို့ ပြောနေတာဟာ လုံးဝ မှားယွင်းတယ်လို့ မာလာလာက ဘီဘီစီကို ပြောပါတယ်။

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန်နဲ့ တွေ့စဉ်။

နိုင်ဂျီးရီးယား ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အသံတွေကို လက်နက်အဖြစ် အသုံးပြုသင့်ကြောင်းနဲ့ အစိုးရဘက်ကလည်း အမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ကြောင်း သူက ပြောသွားပါတယ်။

မိန်းကလေးငယ်တွေ ပညာသင်ယူခွင့်ရရေး ဆော်သြခဲ့လို့ တာလီဘန်တွေက ခေါင်းကို သေနတ်နဲ့ ပစ်တာ ခံခဲ့ရသူ မာလာလာဟာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသူလေးတွေရဲ့ မိသားစုနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

မာလာလာဟာ နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန် Goodluck Jonathan နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။