BBC navigation

ခရိုင်းမီးယားကို ပထမဆုံးအကြိမ် ပူတင် ရောက်လာ

နောက်ဆုံး ရေးသားချိန် 9 မေလ 2014 - 14:05 GMT

ရုရှားရေတပ်ကို စစ်ဆေးနေတဲ့ ပူတင်

ခရိုင်မီးယား ကျွန်းဆွယ်ကို မော်စကိုက ယူကရိန်းဆီကနေ ခွဲထုတ်ခဲ့ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ခရိုင်းမီးယားဒေသ ဆီဗက်စတိုပို ဆိပ်ကမ်းကို သင်္ဘောနဲ့ အလည်အပတ် ရောက်ရှိလာပါတယ်။

ပင်လယ်နက်တွင်းက ရုရှား ရေတပ် သင်္ဘောတွေ အနီး ဝင်ရောက်လာစဉ်မှာ မစ္စတာ ပူတင်က စစ်သင်္ဘောတွေပေါ်က တပ်ဖွဲ့တွေကို မိန့်ခွန်း ပြောခဲ့ပြီးနောက် ဆိပ်ကမ်းကို ကပ်လာကာ ကမ်းပေါ်မှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကောင်းကင်ယံကနေ စစ်လေယာဉ်တွေ ပျံဝဲ အလေးပြုခဲ့ပြီးနောက် မစ္စတာပူတင်က မိန့်ခွန်းပြောရာမှာ ခရိုင်းမီးယား ပြည်သူတွေက ရုရှားနဲ့ ပူးပေါင်းဖို့ အခိုင်အမာ ဆုံးဖြတ် ရွေးချယ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ဟာ မော်ကွန်းတင်ရမယ့် နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးကတော့ မစ္စတာ ပူတင်ရဲ့ အခု ခရိုင်မီးယား ခရီးစဉ်အပေါ် ဝေဖန် ရှုတ်ချလိုက်ပြီး၊ ဒါဟာ ယူကရိန်း အကျပ်အတည်းကို ရည်ရွယ်ချက်ရှိရှိ ကြီးထွားအောင် လာလုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။