သန်းခေါင်စာရင်း လူတသန်း ကျန်နေ

  • 7 မေ 2014
rohingya
ဒုက္ခသည် စခန်း တွေက ဘဝတွေ မရေရာ

ရခိုင်မှာ ဘင်္ဂါလီလို့ သန်းခေါင် စာရင်း လာပေးသူ ၃ သိန်းကျော် ရရှိထားပြီး ဆက်လက် ညှိနှိုင်း ကောက်ခံ သွားမယ် လို့ လူဝင်မှု ဝန်ကြီး ဦးခင်ရီက သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား လိုက်ပါတယ်။

ရိုဟင်ဂျာ အမည်နဲ့ ထည့်သွင်းမှုကိုတော့ လက်မခံဘူးလို့ ဦးခင်ရီက ထပ်ဆင့် ပြောကြား ခဲ့ပြီး စာရင်း မဝင်သူ တသန်းကျော် ကျန်ရှိနေပါတယ်။

ဒီလူတွေ ကို မြန်မာအစိုးရက မေလ ကုန် နောက်ဆုံးထားပြီး စာရင်း ထပ်ကောက်ဖို့ ပြင်ဆင် နေရာ မှာ ရိုဟင်ဂျာ လို့ပြောရင် ကောက်မှာ မဟုတ်ဘဲ နောက်ဆုံးရက် ကုန်ရင် အရင် လူဦးရေ ခန့်မှန်းစာရင်း ကိုပဲ ယူမယ် လို့ ပြောပါတယ်။

အခု လို လူမျိုး အမည် ကိုယ့်ယုံကြည်ချက် ကိုလွတ်လပ်စွာ ထုတ်ပြောခွင့် မပေး တာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို တားဆီးတယ် ဆိုပြီးဝေဖန်ကြ တာတွေလည်း ရှိပါ တယ် ။

ဝန်ကြီး ကတော့ ဒီစကားလုံးဟာ သာမန် စကား လုံး မဟုတ်ဘဲ နိုင်ငံ လုံခြုံရေး အထိ ခြိမ်းခြောက် နေတယ်လို့ ပြောဆိုသွား ခဲ့ပါ တယ် ။

စာရင်း မကောက်နိုင်တဲ့ ကချင်ပြည်နယ် က ရွာ ၂၅ ရွာ နဲ့ ပတ်သက်လို့ မေ လ ၁၃ ရက် နေ့ မြစ် ကြီးနား မှာ ကျင်းပမယ့် အစိုး ရနဲ ကေအိုင်အေ တွေ့ဆုံပွဲ မှာ ညှိနှိုင်း ဖို့ရှိပါတယ် ။

တနိုင်ငံ လုံး လူဦး ရေ အကြမ်းစာရင်းကို လာမယ့် ဩ ဂုတ် လ မှာ ထုတ်ပြန်မှာ ဖြစ် ပြီး သန်းခေါင် စာရင်း အသေးစိတ်စာရင်း ကတော့ ၂ဝ၁၅ မေလ မှ ထုတ်ပြန် နိုင်မယ် လို့ ဦး ခင်ရီ က ပြောပါတယ် ။