ကျောင်းသူတွေကို ရောင်းစားမယ် လို့ပြော

  • 5 မေ 2014
ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသူတွေရဲ့ မိသားစုတွေ အထူးကို စိုးရိမ် ပူပန်နေ

နိုင်ဂျီးရီးယား နိုင်ငံ ဘိုကိုဟာရမ်း စစ်သွေးကြွ အဖွဲ့ ကနေ ကျောင်းသူ အယောက် ၂၀၀ ကျော်ကို သူတို့ ပြန်ပေး ဆွဲခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖေါ် ပြောကြား လိုက်ပါ တယ်။

ဒီ ကျောင်းသူတွေဟာ လွန်ခဲ့တဲ့ သီတင်း ၃ ကတည်းက ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပြီး၊ အခုတော့ သူတို့ကို ရောင်းစားမှာ ဖြစ်တယ်လို့ ဘိုကိုဟာရမ်း အဖွဲ့ ခေါင်းဆောင် အဘ္ဘူဘာကာ ရှီကာယူ က ပြော ပါတယ်။

ကျောင်းသူလေးတွေကို နိုင်ငံ အရှေ့မြောက်ပိုင်း ကျောင်းတခု ကနေ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ ဒီကိစ္စ အပေါ် ပိုမို အလေးထား ဆောင်ရွက်ဖို့ ဆန္ဒပြ တောင်းဆိုသူ တဦးကို သမ္မတ ကတော်ရဲ့ အမိန့်က အစောပိုင်းက ဖမ်းသွားပြီး အခုတော့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။