BBC navigation

တရုတ် လုပ်သား တစ်သောင်းကျော် သပိတ်မှောက်

နောက်ဆုံး ရေးသားချိန် 15 ဧပြီလ 2014 - 14:44 GMT

ပြီးခဲ့တဲ့လက ဂွန်ဒေါင်း ပြည်နယ်က IBM တရုတ် လုပ်သားတွေ သပိတ်မှောက်စဉ်

Nike နဲ့ Adidas ဖိနပ်တွေကို ထုတ်လုပ် ပေးနေတဲ့ တရုတ်နိုင်ငံ တောင်ပိုင်းက စက်ရုံ တစ်ခုမှာ အလုပ်သမား တစ်သောင်းကျော် သပိတ်မှောက်နေ ကြပါတယ်။

Yue Yuen လို့ ခေါ်တဲ့ အဲဒီ စက်ရုံဟာ ကမ္ဘာ့အကြီးဆုံး ဖိနပ်စက်ရုံ ဖြစ်ပြီး ဝန်ထမ်းတွေရဲ့ အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင်ခွင့်တွေနဲ့ ပက်သက်လို့ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အလုပ်ရှင် အလုပ်သမားကြား အငြင်းပွားနေတာကို ညှိနှိုင်းလို့ မရတဲ့အတွက် အခုလို သပိတ်မှောက်ကြတာပါ။

စောင့်ကြည့် လေ့လာရေး အဖွဲ့တွေက အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ အများအပြား ချထားတာကို ဝေဖန်ခဲ့ပြီး တချို့ ဆန္ဒပြသူတွေလည်း အဖမ်းခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံ အနှံ့အပြားမှာ အခုနောက်ပိုင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားတာတွေ တိုးပွားလာနေပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ အစိုးရ ထိန်းချုပ်မှုအောက်က ကင်းလွတ်တဲ့ အလုပ်သမား အဖွဲ့တွေ ဖွဲ့စည်းတာကို ကန့်သတ် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။