BBC navigation

နိုင်ဂျီးရီးယားမှာ ဗုံး ၂လုံးကွဲ၊ ၇၁ ဦး သေ

နောက်ဆုံး ရေးသားချိန် 14 ဧပြီလ 2014 - 13:06 GMT

ပေါက်ကွဲမှု ဖြစ်ပွားအပြီး ကားတွေ ပျက်စီးနေစဉ်

နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားတွေ အတော်များများကိုပါ ပျက်စီးစေခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် လူ ၁၂၀ ကျော်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

Nyanya ဘတ်စ်ကား ရပ်နားစခန်းမှာ မြို့ထဲကို သွားမယ့် လူတွေ အပြည့် အသိပ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ဘယ်အဖွဲ့ကမှ ခုချိန်ထိ ထုတ်ဖော် မပြောသေးပါဘူး။

ဒါပေမဲ့ အစ္စလာမ်မစ် Boko Haram အဖွဲ့ ဖြစ်နိုင်ချေရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဘူဂျာမှာ အရင်က တိုက်ခိုက်ခဲ့မှုတွေကို သူတို့ အဖွဲ့က လုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။