BBC navigation

passwords ပြောင်းပစ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေး

နောက်ဆုံး ရေးသားချိန် 10 ဧပြီလ 2014 - 01:46 GMT

အင်တာနက် လုံခြုံမှု ဘယ်လောက် ရှိသလဲ

ကမ္ဘာတလွှားက ကွန်ပြူတာ သုံးစွဲသူတွေ အနေနဲ့ passwords ပြောင်းပစ်ဖို့ အင်တာနက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

သိန်းသန်းချီတဲ့ ဝက်ဘ်ဆိုက်တွေက သုံးတဲ့ ကွန်ပြူတာ လည်ပတ်ရေး စံနစ် OpenSSL ထဲမှာ Heartbleed လို့ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးတမျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

Heartbleed ကနေ သူများတကာရဲ့ ကွန်ပြူတာ လုံခြုံရေး စံနစ်ထဲ ခိုးဝင်သူ Hacker တွေက ကိုယ်ရေး အချက်အလက်တွေ ဖြစ်တဲ့ passwords တွေနဲ့ အကြွေးဝယ်ယူခွင့် ကဒ်ပြား credit card အသေးစိတ် အချက်အလက်တွေကို ဝင်ကြည့်နိုင်တာ ဖြစ်ပါတယ်။

အခုလို လုံခြုံရေး အရ စိုးရိမ်ပူပန်စရာတွေ ရှိနေတဲ့ အတွက် အင်တာနက် ကနေ တဆင့် လျှပ်စစ် မီတာခ တောင်းခံတဲ့ ဝန်ဆောင်မှုကို လူတွေ ဝင်ကြည့်လို့ မရအောင် ယာယီ ဖြတ်တောက် ထားလိုက်တယ်လို့ ကနေဒါ နိုင်ငံ အခွန်အခ ကောက်ခံရေး အေဂျင်စီက ပြောပါတယ်။

အခုလို အင်တာနက် လုံခြုံရေး ပျက်သွားခဲ့ပြီးတဲ့ နောက်ပိုင်း ဝက်ဘဆိုက်တွေ တိုက်ခိုက်ခံရတာ မကြားရသေးပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။