စစ်သား ၄၀၀ ကျော် ရုပ်ကြွင်းတွေ တရုတ် ပြန်သယ်

  • 28 မတ် 2014
အခေါင်းတွေ ပြန်လည် သယ်ယူစဉ်

ကိုရီးယား စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တရုတ် စစ်သားတွေထဲက ၄၀၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို တောင်ကိုရီးယား ကနေ တရုတ်ဆီကို ပြန်သယ်ယူခဲ့ပါတယ်။

တရုတ်အလံ ဖုံးလွှမ်းထားတဲ့ အခေါင်းတွေကို အခမ်းအနားနဲ့ ဆိုးလ် မြို့တော်မှာ လေယာဉ်တွေပေါ် တင်ခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ အခေါင်းတွေကို မြောက်ကိုရီးယားနဲ့ နယ်စပ်က တရုတ်မြို့ တစ်မြို့ ဖြစ်တဲ့ ရှန်ယန်းကို သယ်သွားပါတယ်။

တရုတ် စစ်သားတွေရဲ့ အလောင်းတွေကို အရင်က ကိုရီးယားနိုင်ငံ နေရာအနှံ့မှာ မြှုပ်ထားခဲ့တာ ဖြစ်ပြီး အခုမှ ပြန်တူးဖော်လို့ တစ်စုတဝေးတည်း စုထားပြီး တရုတ်ကို ပြန်သယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယား စစ်ပွဲအတွင်း မြောက်ကိုရီးယား ဘက်က ဝင်တိုက်ပေးတဲ့ တရုတ်စစ်သား သောင်းချီပြီး စစ်မြေပြင်မှာ ကျဆုံးခဲ့ပါတယ်။