BBC navigation

ဘေဂျင်းက ဆွေမျိုးတွေ မလေးရှား သံရုံးရှေ့ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2014 - 14:00 GMT

ဘေဂျင်းက မလေးရှား သံရုံးရှေ့ ဆန္ဒပြကြတဲ့ ဆွေမျိုးတွေ

လွန်ခဲ့တဲ့ ၂ ပတ်ကျော်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်နဲ့ လိုက်ပါသွားကြသူ ခရီးသည်တွေရဲ့ ဆွေမျိုးတွေဟာ ဘေဂျင်း မြို့မှာ ရှိတဲ့ မလေးရှား သံရုံးရှေ့မှာ သတင်း အချက်အလက်တွေ ထပ်ရဖို့အတွက် ဒါဇင်နဲ့ချီပြီး တောင်းဆို ဆန္ဒပြနေကြပါတယ်။

ပျောက်သွားတဲ့ ဘိုရင်း ၇၇၇ လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျသွားပြီး အသက်ရှင် ကျန်ရစ်သူ မရှိနိုင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ကြေညာလိုက် အပြီးမှာ အခုလို ဆန္ဒပြမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဂြိုဟ်တုက ရတဲ့ အချက်အလက်တွေကို သုံးသပ်အပြီး အခုလို ပျက်ကျသွားတယ်လို့ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

တရုတ် သမ္မတ ရှီကျင်ပင်းကတော့ ပျောက်ဆုံး လေယာဉ်က အပိုင်းအစတွေ ရှာဖွေရာမှာ မလေးရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးစုံစမ်းရေး အဖွဲ့တစ်ဖွဲ့ကို ကွာလာလမ်ပူကို စေလွှတ်လိုက်ပါတယ်။

အခု လောလောဆယ်မှာတော့ ရာသီဥတု ဆိုးရွားနေတာကြောင့် လေယာဉ် အပိုင်းအစ ရှာဖွေရေးတွေကို ဆိုင်းငံ့ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။