ရွေးကောက်ပွဲ တရားမဝင်ဟု ထိုင်းတရားရုံး ဆုံးဖြတ်

  • 21 မတ် 2014
ဖွဲ့စည်းပုံ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး အကျပ်အတည်းကို နက်ရှိုင်းသွားစေ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေဟာ တရားမဝင်ဘူးလို့ ဖွဲ့စည်းပုံ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အစိုးရ ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေ နောက်ပိုင်း ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံရေး အကျပ် အတည်းကို ပိုမို နက်ရှိုင်း သွားစေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလျော့စေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်က ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲတွေ လုပ်ရင် တစ်နိုင်ငံလုံး တပြိုင်နက်တည်း လုပ်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါပေမယ့် အခုချိန်ထိ နိုင်ငံ တောင်ပိုင်းက မဲဆန္ဒနယ် ၂၈ နယ်မှာ မဲမပေးနိုင်သေးတဲ့ အတွက် ဒီရွေးကောက်ပွဲ ရလဒ်တွေ တရား မဝင်ဘူးလို တရားရုံးက ပြောတာ ဖြစ်ပါတယ်။

အဲဒီအချိန်က ရွေးကောက်ပွဲကို လူတွေ သွားရောက် မဲမပေးနိုင်အောင် ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားခဲ့ကြတာပါ။

နောက်ထပ် ရွေးကောက်ပွဲ အသစ်တွေကို ဘယ်တော့ လုပ်မယ် ဆိုတာတော့ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ