မလေးရှား လေယာဉ်တစီး ပျောက်ဆုံးနေ

  • 8 မတ် 2014
မလေးရှားလေကြောင်းပိုင် လေယာဉ်
မလေးရှားလေကြောင်းပိုင် လေယာဉ်

ကွာလာလန်ပူမှ ဘေဂျင်းသို့ ပျံသန်းတဲ့ မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်တစီး ပျောက်ဆုံးသွားတဲ့အတွက် ဒေသတွင်းနိုင်ငံတွေက ပူးပေါင်းရှာဖွေ နေပါတယ်။ ဒီအခါမှာ ဗီယက်နမ် အရာရှိတွေ ပြောပြချက် အရ ဗီယက်နမ် တောင်ပိုင်း ကမ်းခြေ ဘက်မှာ ကီလိုမီတာ ၁၅ မှ ၂၀ ခန့်ရှိ ကြီးမားတဲ့ ဆီခဲ အကွက်ကြီး တွေ့ရကြောင်း သိရပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်း အပါအဝင် ခရီးသည် ၂၃၉ ယောက် လိုက်ပါလာတာပါ။ အမေရိကန် အပါအဝင် ဗီယက်နမ်၊ တရုတ်၊ စင်္ကာပူ နဲ့ ဖိလိပိုင် နိုင်ငံတွေ က ရှာဖွေရေး နဲ့ ကယ်ဆယ်ရေး ဝိုင်းဝန်း အကူအညီ ပေးကြပါတယ်။

လေယာဉ်တက်ပြီး ၂နာရီအကြာ အဆက်အသွယ်ပြတ်တောက်သွားပြီး အရေးပေါ် သတိပေးချက်လည်း မရရှိတဲ့ အကြောင်း မလေးရှား အာဏာပိုင် တွေ က ပြောပါတယ်။

လေယာဉ်ပေါ်မှာ လူမျိုး ၁၄ မျိုးအနက် တရုတ်လူမျိုး အများဆုံး ပါဝင်ပါတယ်။

မလေးရှား လေကြောင်း ခရီးအနေနဲ့ ဘေးအန္တရာယ် စိတ်ချရတဲ့ ပျံသန်းမှု မှတ်တမ်း ရှိပြီး ၁၉၇၇ ခုနှစ်က အဆိုးဆုံး ပျက်ကျမှု ဖြစ်ခဲ့ဘူးပါတယ်။