အဲလ်ဂျီးရီးယား လေယာဉ်ပျက်ကျ၊ လူ ၁၀၃ ဦးသေ

  • 11 ဖေဖော်ဝါရီ 2014
Hercules C-130 အမျိုးအစား ဖြစ်တယ်လို့ ယုံကြည်ရ

အဲလ်ဂျီးရီးယား စစ်ဖက်ဆိုင်ရာ လေယာဉ် တစင်း နိုင်ငံ အရှေ့မြောက် ဘက်ပိုင်းမှာ ပျက်သွားရာ လေယာဉ်ပေါ်ပါ ခရီးသည် ၁၀၃ ဦး စလုံး သေဆုံးသွား ပါတယ်။

ဒီလေယာဉ်ဟာ Hercules C-130 အမျိုးအစား ဖြစ်တယ်လို့ ယုံကြည်ရပြီး၊ Oum al-Bouaghi ပြည်နယ် တောင်ထူ ထပ်တဲ့ ဒေသ ဘက်မှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပါတယ်လို့ သတင်းတွေက ဆိုပါတယ်။

ရာသီဥတု ဆိုးဝါးပြီး လေပြင်းတွေ အရမ်းတိုက်တဲ့အတွက် အခုလို လေယာဉ်ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရကြောင်း စစ်တပ် ထိပ်တန်း အရာရှိ တဦးက ပြောပါတယ်။