ဆီးရီးယား စစ်ရာဇဝတ်မှု အထောက်အထား တွေ့ရှိ

  • 21 ဇန်နဝါရီ 2014
အလက်ပိုမြို့က စစ်တွင်း တစ်နေရာ

ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ လူထု အုံကြွမှုတွေ ဖြစ်ပွားခဲ့ချိန်က စလို့ အကျဉ်းသား ၁ သောင်း ၁ ထောင် လောက်ကို ဆီးရီးယား အစိုးရက စနစ်တကျ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက် အထားတွေကို တိုက်ရိုက် ကြည့်ရှုခဲ့ရကြောင်း စစ်ရာဇဝတ်မှုတွေမှာ လိုက်ပါ ဆောင်ရွက်ဖူးတဲ့ အမှုလိုက် ရှေ့နေဟောင်း ၃ ဦးက ပြောပါတယ်။

ဆီးရီးယား အစိုးရရဲ့ စစ်ရဲ တပ်ဖွဲ့မှာ အလုပ်လုပ်ခဲ့ပြီး ဘက်ပြောင်းလာသူ တဦးဆီကနေ ထွက်လာတဲ့ ထောင်ပေါင်းများစွာသော ဓာတ်ပုံတွေကို ဒီ စုံစမ်း စစ်ဆေးသူတွေကနေ လေ့လာ ဆန်းစစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရကနေ စနစ်တကျ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်၊ ထိန်းသိမ်းရေး စခန်း ၃ ခုက အကျဉ်းသားတွေဟာ အစာရေစာ ငတ်ပြတ်ပြီးနောက် ညှင်းပန်း နှိပ်စက် ခံရပြီး သတ်ဖြတ်ခံခဲ့ရတာပါလို့ ဓာတ်ပုံတွေကို လေ့လာ စမ်းစစ်နေတဲ့ ပါမောက္ခ ဒေးဗစ် ကရိန်းက ပြောပါတယ်။

အလောင်းတွေ အများစုဟာ ဆိုရင် ပိန်ချုံးနေတာကို တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အများအပြားဟာ မသေခင် ရိုက်နှက်ခံထားရပြီး လည်ပင်းညှစ် ခံထားရတာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။