အီဂျစ် အခြေခံဥပဒေ မူကြမ်းအတွက် ဆန္ဒခံယူ

  • 14 ဇန်နဝါရီ 2014
လာရောက် မဲပေးသူအချို့။

အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပေဒ မူကြမ်း တခုအတွက် လူထု ဆန္ဒခံယူပွဲ ကျင်းပနေရာ အီဂျစ် ပြည်သူတွေ မဲပေးနေကြပါတယ်။

ဒီဥပေဒမူကြမ်းကို သပိတ်မှောက် ကြဖို့ တောင်းဆိုနေချိန်၊ ဆန္ဒခံယူပွဲကို အနှောင့် အယှက် ပြုလုပ်မှုတွေ ရှိနေတဲ့ ကြားကပဲ နှစ်ရက်ကြာ ဒီ မဲပေးပွဲကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း ဘန်နီ ဆွက်ဖ် မြို့မှာ ဆိုရင် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ပွားရာက လူ တဦး သေဆုံးသွားခဲ့ပါတယ်။

ဒီဆန္ဒခံယူပွဲကို မူဆလင် ညီနောင်များအဖွဲ့ ဦးဆောင်တဲ့ အစ္စလာမ်မစ် ပါတီတွေရဲ့ မဟာမိတ် အုပ်စုကနေ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

မူဆလင် ညီနောင်များ အဖွဲ့ကိုတော့ အာဏာပိုင်တွေကနေ အကြမ်းဖက် အဖွဲ့အစည်း တခုအနေနဲ့ သတ်မှတ်ပြီး ပြီးခဲ့တဲ့နှစ်က ပိတ်ပင်လိုက်ပြီး ဖြစ်ပါတယ်။

စစ်တပ်ကနေ ကျော်ထောက်နောက်ခံ ပေးထားတဲ့ အခု အာဏာပိုင်တွေဟာ ဒီဆန္ဒ ခံယူပွဲမှာ လူအများအပြား လာရောက် မဲပေးဖို့ကို အလိုရှိနေပါတယ်။

ဒါမှသာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သမ္မတ မော်စီကို ရာထူးက ဖယ်ရှားလိုက်တာဟာ အာဏာ သိမ်းတာမျိုး မဟုတ်ဘူးဆိုတာကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာ မော်စီကို ရာထူးက ဖယ်လိုက်တာကို စစ်တပ်က အားပေးထောက်ခံခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ