တောင်ဆူဒန်မှာ အစိုးရနဲ့ သူပုန်တွေ တိုက်ခိုက်နေဆဲ

  • 26 ဒီဇင်ဘာ 2013
south sudan
တောင်ဆူဒန်မှာ တိုက်ပွဲသံ ညံနေဆဲ

တောင်ဆူဒန် နိုင်ငံရဲ့ အဓိက ရေနံ ထုတ်လုပ် တဲ့ ဒေသတွေကို ထိန်းချုပ် ထားနိုင်ရေး အတွက် အစိုးရ တပ်တွေနဲ့ သူပုန် တပ်တွေ တိုက်ခိုက် နေကြပါတယ်။

မလာခဲလ် ဆိုတဲ့ နိုင်ငံမြောက်ပိုင်းက အပ်ပါးနိုင်းလ် ပြည်နယ်ရဲ့ မြို့တော်မှာဆို လူတွေ တော်တော် များများဟာ သေနတ်သံ တွေကြောင့် ကြောက်လန့်ပြီး အိမ်တွေ ထဲမှာပဲ ပုန်းအောင်း နေကြတယ်လို့ အဲဒီမြို့တော်က အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ပြောပါတယ်။

တခါ ရေနံ သယံဇာတ ကြွယ်ဝတဲ့ ယူနတီ ပြည်နယ်ဘက်မှာတော့ အဓိကမြို့ကြီး တမြို့ဖြစ်တဲ့ ဘန်တီယူ ကို ပြန်လည် သိမ်းယူ နိုင်ဖို့ အတွက် ပြင်ဆင် နေပြီ ဖြစ်တယ်လို့ တောင်ဆူဒန် စစ်တပ်က ပြောပါတယ်။

အဲဒီ မြို့ကို အရင် ဒုသမ္မတ ရစ်ခ် မာချာ ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက သိမ်းယူ ထားခဲ့တာ ဖြစ်ပါတယ်။ အခုလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ထောင်ပေါင်း များစွာ သေဆုံး ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ