BBC navigation

တောင်ဆူဒန် အခြေအနေ အိုဘားမား သတိပေး

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2013 - 12:55 GMT

တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာသူများ။

တောင်ဆူဒန်နိုင်ငံမှာ နောက်ထပ် တိုက်ခိုက် မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အမေရိကန် သမ္မတ အိုဘားမားကလည်း တောင်ဆူဒန်ရဲ့ အခြေအနေဟာ တိုင်းပြည် ချောက်ထဲကျမယ့် အနေအထားမျိုး ရှိနေပြီလို့ သတိပေးလိုက် ပါတယ်။

နိုင်ငံ မြောက်ဘက်ပိုင်းက ရေနံထုတ်လုပ်တဲ့ ဒေသဘက်မှာ အစိုးရ တပ်ဖွဲ့တွေကို ချထားလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီမှာ နျူယာ နဲ့ ဒင့်ကာ လူမျိုးစုတွေ အကြား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နျူယာ လူငယ်တွေကနေ အကိုဘို မြို့မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂ဦးကို မနေ့က သတ်ဖြတ်ခဲ့ပါတယ်။ အခြေအနေတွေဟာ ကစဉ့်အလျား ဖြစ်နေပြီး လူပေါင်း ထောင်နဲ့ချီ အဲဒီဒေသကနေ ထွက်ပြေးနေကြတယ် လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မြို့တော် ဂျူဘာမှာ ရှိတဲ့ အမေရိကန် သံအမတ် ပြောတာကတော့ အကြမ်းဖက်မှု အများစုဟာ လူမျိုးရေးနဲ့ ပတ်သက်ပြီး ဖြစ်ကြတာလို့ ဆိုပါတယ်။

အာဖရိက နိုင်ငံတွေက ဝန်ကြီးများ ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ကီယာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး၊ အဲဒါပြီးတာနဲ့ အတိုက်အခံ ဘက်နဲ့ ဆွေးနွေးမယ်လို့ ယူဂန်ဒါ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။