BBC navigation

လူ့အခွင့်အရေး စိုးရိမ်ရတဲ့ နိုင်ငံတွေ တိုးလာ

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2013 - 14:08 GMT

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ။

ဒီ ၅ နှစ် အတွင်း လူ့အခွင့်အရေး အထူး စိုးရိမ်ရတဲ့ နိုင်ငံ အရေအတွက် ၃၄ နိုင်ငံထိ များပြားလာပြီး အဲဒီထဲမှာ မြန်မာက နံပတ် ၈ ချိတ်တယ်လို့ ဗြိတိန် က Maplecroft သုတေသန အဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာ နိုင်ငံမှာ ပြုပြင်ရေးတွေ ပြုလုပ်နေပြီ ဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံမှု အတွက် စိတ်မချရသေးတာတွေ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာတွေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေကြောင့် စစ်တပ်ရဲ့ နိုင်ငံရေး ကဏ္ဍကို လျှော့ချပစ်မှာ စိုးလို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တာတွေ ဖြစ်လာနိုင်တယ်လို့ အစီရင်ခံစာက သုံးသပ်ပါတယ်။

အစိုးရိမ်ရဆုံး နိုင်ငံ စာရင်းမှာ ဆီးရီးယား က ထိပ်ဆုံးကရှိပြီး ဆူဒန်၊ ဒီအာရ်ကွန်ဂို၊ ပါကစ္စတန်၊ ဆိုမာလီ၊ အာဖဂန်၊ အီရတ် နိုင်ငံတွေက မြန်မာရဲ့ ရှေ့က ရှိကြပါတယ်။

အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေမှာ အများဆုံး တိုးပွားလာတာ ဖြစ်ပါတယ်။

စီးပွားရေး အရ အင်အားကြီးတဲ့ အိန္ဒိယနဲ့ တရုတ် နိုင်ငံတွေမှာလည်း အလုပ်သမား အခွင့်အရေး တိုးတက်မှု ရှိဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေ ရှိဖို့ လိုနေတဲ့ အတွက် ဒီစာရင်းမှာ ထိပ်က ပါဝင်နေတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။