Berlusconi ကို ပါလီမန်က ထုတ်ပယ်

  • 27 နိုဝင်ဘာ 2013
Silvio Berlusconi
Berlusconi နိုင်ငံရေးက မနားသေးလို့ဆို

အီတလီ ဝန်ကြီးချုပ်ဟောင်း Silvio Berlusconi ကို ပါလီမန်က ချက်ချင်း ထုတ်ပယ်ဖို့ အီတာလျံ အထက် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

မစ္စတာ ဘာလူစကိုနီမှာ အခွန်လိမ်လည်မှု တွေကြောင့် ရာဇဝတ်မှု နဲ့ ငြိစွန်းတယ် ဆိုပြီး သူ့ကို အစိုးရ ရာထူး တွေမှာ မထမ်းဆောင်ဖို့ တားမြစ် ခံရတာ ဖြစ်ပါတယ်။

အရွယ် မရောက်သေးတဲ့ ပြည့်တန်ဆာ မိန်းကလေးနဲ့ ပျော်ပါးတယ် ဆိုပြီး နောက်တမှုနဲ့ လည်း မစ္စတာ ဘာလူစကိုနီ အယူခံ ဝင်ထား ရပါတယ်။

အသက် ၇၇ နှစ် အရွယ် မစ္စတာ ဘာလူ စကိုနီဟာ ဝန်ကြီးချုပ် ၃ ကြိမ် ဖြစ်ခဲ့ဖူးပြီး နိုင်ငံရေးက အနားမယူ သေးဘူးလို့ ကြေညာ ထားသူ ဖြစ်ပါတယ်။

မစ္စတာ ဘာလူ စကိုနီ မှာ နိုင်ငံရေး သီလ အားဖြင့် အစွန်းအထင်း များပေမယ့် သူ့ကို ထောက်ခံတဲ့ ပရိသတ်က မသေးဘူး လို့ ရောမ မြို့က ဘီဘီစီ သတင်းထောက် က ပြောဆို ပါတယ်။