အီဂျစ်နဲ့ကန် ပူးတွဲ လုပ်ဆောင်မယ်

  • 3 နိုဝင်ဘာ 2013
kerry
အီဂျစ် ပြည်သူကို ဆက်ပြီး ထောက်ပံ့မယ်ဆို

အီဂျစ် မှာ ဒီမိုကရေစီ ပြန်အသက်သွင်းဖို့ အမေရိကန်က အီဂျစ် ကြားဖြတ် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆုံးဖြတ် ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။

အီဂျစ်ဟာ အမေရိကန်ရဲ့ မိတ်ဆွေရင်း ဖြစ်ပြီး အီဂျစ် နိုင်ငံရေး စီးပွားရေး တိုးတက်မှုက ဒေသတွင်း တည်ငြိမ်ရေးမှာ အရေးကြီးကြောင်း အီဂျစ်စစ်တပ် ထောက်ခံတဲ့ အစိုးရနဲ့ ကိုင်ရို မှာ တွေ့ဆုံ ပြီးနောက် မစ္စတာ ကယ်ရီက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အရွေးကောက်ခံ အစ္စလာမ် ဝါဒီ သမ္မတ မော်စီကို ဇူလိုင်လက ဖြုတ်ချ လိုက်ပြီး နောက် အမေရိကန် စစ်အကူအညီတွေ ရပ်ဆိုင်း ထားခဲ့ပေမယ့် အီဂျစ် ပြည်သူတွေ အတွက် ဆက်ပြီး ထောက်ပံ့မှာ ဖြစ်ကြောင်းနဲ့ အားလုံး ပါဝင်နိုင်တဲ့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့လည်း ဂျွန်ကယ်ရီ က တောင်းဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ