BBC navigation

အနောက်ဥရောပမှာ မုန်တိုင်းမွှေနှောက်

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2013 - 20:50 GMT
storm

ကျောင်းတက်ဖို့ အခက်ကြုံတဲ့ လန်ဒန် ကျောင်းသား

အနောက် ဥရောပ မှာ နှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံး လေမုန်တိုင်းကြီး တိုက်ခတ် ခဲ့လို့ အနည်းဆုံး လူ ၁၃ ယောက် သေဆုံး ခဲ့ပါတယ်။

သစ်ပင် ပြိုလဲပြီး ပိကျ သေဆုံး ကြသူတွေက အများစု ဖြစ်ပါတယ်။

ဂျာမနီမှာ ၆ ယောက်၊ ဗြိတိန်မှာ ၄ ဦးနဲ့ နယ်သာလန်၊ ပြင်သစ်၊ ဒိန်းမတ် နိုင်ငံတွေမှာ တယောက်စီ သေဆုံးခဲ့ပါတယ်။

ဥရောပမှာ လေယာဉ် အဝင်အထွက် အများဆုံး လေဆိပ်ဖြစ်တဲ့ လန်ဒန်က ဟီးသရိုး လေဆိပ် မှာလည်း လေကြောင်း ခရီးစဉ် အနည်းဆုံး ၁၃ဝ ကို ဖျက်သိမ်း လိုက်ရ ပါတယ်။

ဥရောပတိုက် အနောက်ဘက် က မြောက်ပင်လယ် ကို ဖြတ်ပြီး တိုက်လာတဲ့ လေပြင်းက တနာရီကို မိုင် ၁၂ဝ နှုန်းနဲ့ စံချိန်တင် ထားတယ်လို့ ဂျာမန် မိုးလေဝသ ပညာရှင် တွေက တိုင်းထွာ ရရှိ ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။