ကန် သံအမတ်ကို ပြင်သစ် ဆင့်ခေါ်

  • 21 အောက်တိုဘာ 2013
ပြင်သစ် နိုင်ငံခြားရေးရုံးမှ ပြန်ထွက်လာတဲ့ အမေရိကန် သံအမတ်

ပြင်ပနိုင်ငံက သန်းနဲ့ချီတဲ့ တယ်လီဖုန်း ခေါ်ဆို မှုတွေကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက လျှို့ဝှက် ဖမ်းယူထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ် မေးမြန်း ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး မန်နျူရယ်ဗက်စ်က လီမွန်ဒီ သတင်းစာမှာ ဖော်ပြတဲ့ ဒီစွပ်စွဲချက်တွေဟာ တုန်လှုပ်စရာ ကောင်းတယ်လို့ ပြောကြားပါတယ်။

အမေရိကန် ထောက်လှမ်းရေး အကဲခတ်ဟောင်း ဝရမ်းပြေး အက်ဝက်ဒ် စနိုဒန်ကနေ ဖွင့်ချလိုက်တဲ့ အချက်အလက်တွေကို ကိုကားပြီး အဲဒီ သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီ သတင်းအချက်အလက်တွေ အရတော့ အခုနှစ်အစောပိုင်းက တစ်လအတွင်းမှာ ဖုန်ခေါ်ဆိုမှု သန်း ၇၀ ကျော်ကို ဖမ်းယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။