BBC navigation

အိုဘားမား အာရှခရီးစဉ် အကုန်ဖျက်သိမ်း

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2013 - 15:09 GMT

အကျိုးဆက်တွေအတွက် ရီပက်ဘလီကန်တွေမှာ တာဝန်ရှိကြောင်း အိုဘားမား စွပ်စွဲ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့် အဓိက စီးပွားရေး ထိပ်သီး အစည်းအဝေး ဖြစ်တဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူပေါင်း ဆောင်ရွက်မှု ညီလာခံ အေပက် အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ရောက်တော့တဲ့ အတွက် အလွန်တရာ စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားအ စိုးရက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

သမ္မတ အိုဘားမားဟာ သူ့အစိုးရ အတွက် ဘတ်ဂျက် ဥပဒေ မူကြမ်းကို ကွန်ဂရက်က အတည်မပြုပေးခဲ့တဲ့အတွက် အာရှသွားမယ့် ခရီးစဉ် အကုန်လုံးကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် အိုဘားမားဟာ အေပက် အစည်းအဝေး အပါအဝင် ထိပ်သီး အစည်းအဝေး ၂ ခု ကို မတက်ရောက်နိုင်တော့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ပြန်ကြားရေး ဝန်ကြီး တီဆက်တူလ် ဆမ်ဘီရင်းခ် က သမ္မတ အိုဘားမား အေပက် အစည်းအဝေးကို မတက်ရောက်ဘူး ဆိုတာကို သူ့နိုင်ငံအနေနဲ့ ယုံနိုင်ဖို့ ခက်နေတယ်လို့ ပြောကြားပါတယ်။

အေပက်အစည်းအဝေးကို လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။