BBC navigation

ဂရိနိုင်ငံ လက်ယာစွန်းပါတီ ခေါင်းဆောင်ကို ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2013 - 15:07 GMT

Golden Dawn ပါတီဟာ လူမျိုးရေး ခွဲခြား တိုက်ခိုက် မှုတွေနဲ့ ဆက်စပ် နေပါတယ်

ဂရိနိုင်ငံမှာ လက်ယာစွန်း Golden Dawn ပါတီ ခေါင်းဆောင် Nikolaos Michaloliakos ကို ရာဇဝတ် ဂိုဏ်းအဖွဲ့ တခုမှာ ပါဝင်မှုနဲ့ ဂရိ ရဲ တပ်ဖွဲ့ ကနေ ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။

နာဇီ လိုလားတဲ့ ဒီ Golden Dawn ပါတီနဲ့ ဆက်စပ် နေတဲ့ နောက်ထပ် လူပေါင်း ၁၆ ဦးကိုလည်း ရဲက ထိန်းသိမ်း ထားလိုက်ပါတယ်။ အဲဒီ အထဲမှာ ပါလီမန် အမတ် ၃ ဦးလည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်က အဲဒီ ပါတီ အဖွဲ့ဝင် တဦးရဲ့ လက်ချက်နဲ့ လက်ဝဲ လိုလားတဲ့ တက်ကြွ လှုပ်ရှားသူ (ရပ်ပါ) အဆိုတော် သေဆုံး သွားတယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ ထွက်ပေါ် လာပြီး နောက် အခုလို ဖမ်းဆီး မှုတွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

Golden Dawn ပါတီကို ထောက်ခံ လူပေါင်း ၂၀၀ လောက်ဟာ သူတို့ ပါတီ ဝင်တွေ ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ ရဲစခန်း ရှေ့မှာ စုရုံး ရောက်ရှိလာ ခဲ့ကြပါတယ်။

ဒီပါတီဟာ ပါလီမန်မှာ အမတ် နေရာ ၁၈ နေရာ ရရှိ ထားတာဖြစ်ပြီး၊ မကြာသေးခင် နှစ်တွေ အတွင်း လူမျိုးရေး ခွဲခြား တိုက်ခိုက် မှုတွေနဲ့ နိုင်ငံတွင်း ဝင်ရောက် အခြေချ လာတဲ့ နိုင်ငံခြားသားတွေ အပေါ် ဆန့်ကျင် တိုက်ခိုက်မှုတွေ တိုးများ လာနေ တာတွေနဲ့ ပတ်သက်ပြီး ဒီပါတီဟာ ဆက်စပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။