BBC navigation

ပါကစ္စတန် ငလျင်ဒေသမှာ အပစ်ရပ်ဖို့ပန်ကြား

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2013 - 15:18 GMT

ငလျင်ဒဏ်ခံ ဒေသဟာ ခေါင်တဲ့အပြင် ဥပဒေမဲ့တဲ့အရပ် ဖြစ်တယ်လို့ ဆို

ပါကစ္စတန်နိုင်ငံ ဘလူချစ်စတန် ပြည်နယ်က ခွဲထွက်ရေး စစ်သွေးကြွတွေ အနေနဲ့ အင်္ဂါနေ့က မြေငလျင် လှုပ်ခါခဲ့တဲ့ အရပ်ဒေသဘက်မှာ တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ ပါကစ္စတန် အာဏာပိုင်တွေက မေတ္တာရပ်ခံ ပန်ကြား လိုက်ပါတယ်။

သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေဟာ မြေငလျင် ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေအတွက် အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ပြည်နယ် အစိုးရက ပြောပါတယ်။

မြေငလျင်ကြောင့် လူပေါင်း ၄၀၀ လောက် သေဆုံးသွားခဲ့ရပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

မနေ့တုန်းကတော့ ပါကစ္စတန်နိုင်ငံ ဘေးအန္တရာယ် ကူညီရေး အေဂျင်စီ ဥက္ကဋ္ဌ စီးနင်းလာတဲ့ ရဟတ်ယာဉ်ဟာ ရောကက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကန သီသီလေး လွတ်မြောက်သွားခဲ့ပါတယ်။

နောက်ပြီး ကယ်ဆယ်ရေး အတွက် လာရောက်ကြတဲ့ တပ်ဖွဲ့ဝင်တွေလည်း စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။

အခုဆိုရင် တရားဝင် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဲဒီ မြေငလျင်ဒဏ်ခံခဲ့ရတဲ့ ကျေးရွာတွေကို မရောက်သေးဘူးလို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။