ကင်ညာ စျေးရုံ စစ်သွေးကြွတွေ ထိန်းထားဆဲ

  • 23 စက်တင်ဘာ 2013
ကုန်တိုက်ကနေ မီးခိုးလုံးကြီး တက်လာနေ

အကြမ်းဖက်သမားတွေ ဝင်စီးထားတဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီမြိုက Westgate ကုန်တိုက်ကနေ မီးခိုးလုံး အမဲကြီးတွေ ထွက်လာနေတာကို တွေ့နေရပါတယ်။

စစ်သွေးကြွတွေဟာ ကုန်တိုက်ထဲကို စနေနေ့က ဝင်စီးခဲ့တာ ဖြစ်ပြီး၊ လူ အချို့ကိုလည်း ဓားစာခံ တွေအဖြစ် ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

သေနတ်သံတွေကိုလည်း အဆက်မပြတ် ကြားနေရပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ကုန်တိုက်ဆီ ကို ပြေးလွှားသွားနေကြပါတယ်။

ကင်ညာ ပြည်ထဲရေး ဝန်ကြီး ဂျိုးဇက် အော်လေ လန်ကူ က အဆောက်အဦးထဲက ဓားစာခံ အကုန်နီးပါးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပြီး ဓားစာခံ အနည်းငယ်သာ အထဲမှာ ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။

စစ်သွေးကြွ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီလို့ သူက ပြောပါတယ်။ အစောပိုင်းတုန်းကတော့ ကင်ညာ ကြက်ခြေနီ အဖွဲ့က ပြောတာကတော့ အနည်းဆုံး လူ ၆၉ ဦး သေဆုံးသွားခဲ့ပြီ လို့ ပြောပေမယ့် ပြည်ထဲရေး ဝန်ကြီးကတော့ စုစုပေါင်း ၆၂ ဦးသာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။