မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ

  • 19 စက်တင်ဘာ 2013
အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

အသက် ၂၂ အရွယ် ဓာတ်ပုံ သတင်းထောက်မလေး ဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက် ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ငါးယောက်မြောက် မုဒိမ်းသမားက အသက် ၁၈နှစ်အောက်သာ ရှိသေးတာမို့ သူ့ကိုတော့ ကလေးတရားရုံးမှာ သီးခြား တရားစွဲဆိုဖို့ ရှိကြောင်း သိရပါတယ်။

ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူလေး တစ်ယောက်ကို အလားတူ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ခဲ့ပြီး လအနည်းငယ် အကြာမှာ ဒီအမှု ဖြစ်ခဲ့တာပါ။

အိန္ဒိယ နိုင်ငံမှာ ခုလို အမှုတွေ ထပ်မံ ဖြစ်ပွားပြီး အမျိုးသမီးတွေ လုံခြုံမှု မရှိတဲ့ အပေါ် လူတွေရဲ့ ဒေါသ တိုးပွားလာခဲ့ပါတယ်။