BBC navigation

ဆီးရီးယား အရေး အမေရိကန်နဲ့ရုရှား သဘောတူ

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2013 - 15:32 GMT

ဂျနီဗာ မြို့ ဆွေးနွေးပွဲမှာ အခုလို သဘောတူညီ ခဲ့တာပါ

ဆီးရီးယား နိုင်ငံက ဓာတု လက်နက်တွေကို နိုင်ငံ တကာရဲ့ ထိန်းချုပ်မှု အောက် ရောက်ရေး အတွက် အချက် ၆ ချက်ပါ အစီ အစဉ် တခုကို အမေရိကန် ပြည်ထောင်စုနဲ့ ရုရှား တို့ အကြား သဘောတူညီမှု ရရှိ သွားပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့မှာ ပြုလုပ် ကြတဲ့ ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးပါပွဲမှာ အခုလို သဘောတူညီ ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကယ်ရီက ဆီးရီးယားတို့ အနေနဲ့ သူတို့ရဲ့ ဓာတု လက်နက် စာရင်းကို အာလုံး လက်ခံ နိုင်အောင် ပြုစုပြီး တပတ် အတွင်း တင်ပြရမယ်လို့ ပြောပါတယ်။ နောက်ပြီး နိုဝင်ဘာလ လောက်မှာ စုံစမ်း စစ်ဆေး သူတွေကို ဝင်ခွင့် ပြုရမယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ်တွေရဲ့ ရည်မှန်းချက် ကတော့ ဆီးရီးယားက ဓာတု လက်နက် အကုန်လုံးကို ၂၀၁၄ ခုနှစ် နှစ်လယ် ပိုင်းလောက်မှာ အပြီးတိုင် ဖျက်သိမ်း ပစ်ရေး ဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

အတိုက်အခံ ပယ်ချ

ဒမာ့စကပ်စ်မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေ

ဆီးရီးယား အတိုက်အခံ စစ်ဖက်ရေးရာ အကြီး အကဲ ဗိုလ်ချုပ်ကြီး ဆီလင် အီဒရစ် ကတော့ ဆီးရီးယား ဓာတု လက်နက် ကိစ္စနဲ့ ပတ်သက် တဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ အခု သဘော တူညီချက်ကို ပယ်ချလိုက် ပါတယ်။

တူရကီ နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ဗိုလ်ချုပ်ကြီး အီဒရစ်က ဒီသဘောတူညီ ချက်ဟာ လက်ရှိ အကျပ် အတည်းကို ဖြေရှင်း နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။

ဒီအတွက် အတိုက် အခံတို့ အနေနဲ့ ဆက်လက် တိုက်ပွဲဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြို့တော် ဒမာ့စကပ်စ်က သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဆင်ခြေဖုန်း ဘက်တွေမှာ အစိုးရ တပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွား နေတယ် လို့လည်း သတင်းတွေ ရရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။