အိန္ဒိယ အုပ်စုဖွဲ့ မုဒိမ်းမှု သေဒဏ်ချ

  • 13 စက်တင်ဘာ 2013
ပြစ်ဒဏ်ချမှတ်ရာ အိန္ဒိယ တရားရုံး အပြင်ဘက်

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျောင်းသူတစ်ဦးကို ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသား ၄ ဦးကို အိန္ဒိယ တရားရုံး တစ်ခုကနေ ကြိုးမိန့်ပေး လိုက်ပါတယ်။

အခုလို ပြစ်ဒဏ်ကြေညာခဲ့ပြီးနောက်မှာတော့ တရားခံ ၄ ဦးထဲက တစ်ဦးဟာ ဝမ်းနည်း ပက်လက်ဖြစ်ပြီး ရှိုက်ကြီး တငင် ငိုကြွေးခဲ့ပါတယ်။

ဒီတရားခံ တွေဟာ ဘတ်စ်ကား မောင်းသွား နေရင်းနဲ့ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူကို အဆက်မပြတ် မုဒိမ်းကျင်ခဲ့ပြီးနောက် လမ်းဘေးမှာ ပစ်ချထားတဲ့တာ ဖြစ်ပါတယ်။

ကျောင်းသူဟာ နောက်ပိုင်းမှာ အဲဒီ မတရားပြုကျင့်ခံရတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက အိန္ဒိယနိုင်ငံ တလွှား အကြမ်းဖက် ဆန္ဒပြမှုတွေ အကြီး အကျယ် ဖြစ်ပေါ်ခဲ့ကာ မုဒိမ်းမှုတွေအတွက် ကြီးလေးတဲ့ ပြစ်ဒဏ် ပေးရေး ဥပဒေ အသစ်တွေ ပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့ကြပါတယ်။