BBC navigation

စစ်ရေးသုံးဖို့ ပြင်သစ် ထောက်ခံဆဲ

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2013 - 15:27 GMT

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း

ဆီးရီးယားကို စစ်ရေးအရ မစွက်ဖက်ဖို့ ဗြိတိန်ပါလီမန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ပြင်သစ်အတွက် ထူးခြားသွားမှာ မဟုတ်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောကြားလိုက်ပါတယ်။

အရင်တပတ်က အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စအတွက် အာဆတ် အစိုးရကို ပြင်းထန်စွာ အရေးယူဖို့ ထောက်ခံဆဲ ဖြစ်ကြောင်း ပြင်သစ် သတင်းစာကြီးတစောင်ကို မစ္စတာ အော်လန်းက ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ စကားပြောမယ် လို့လည်း သူက ဆိုပါတယ်။

ဒီအချိန်မှာပဲ ဂျာမနီကတော့ ဆီးရီးယား စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ပယ်ချခဲ့ပါတယ်။

ဂျာမနီ အနေနဲ့ စစ်ရေးနည်းလမ်းကို ရှာဖွေမှာ မဟုတ်သလို စဉ်းစားမှာလည်း မဟုတ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂီဒိုဗက်စတာဗဲလားက ဂျာမန် သတင်းစာကို ပြောကြားပါတယ်။

ဆီးရီးယားမှာ စစ်ဆေးမှု ပြီးဆုံးသွားတဲ့ ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးအဖွဲ့ ဆီးရီးယားက မထွက်ခင်မှာ ဒမတ်စကပ်က စစ်ဆေးရုံတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး စစ်ဆေးမှုရလာဒ်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။