BBC navigation

ဆီးရီးယား အရေး အမေရိကန် ရေတပ် လွှတ်ပြီ

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2013 - 16:21 GMT

ဆီးရီးယားအရေး စစ်ရေးသုံးမလား ဆိုတာ သမ္မတ အိုဘားမား စဉ်းစား နေပြီ

အမေရိကန် သမ္မတ အိုဘားမား ကနေ ဆီးရီးယား ပဋိပက္ခနဲ့ ပတ်သက်ပြီး ဘာလုပ် မလဲ ဆိုတာကို စဉ်းစား နေချိန်မှာ အမေရိကန် ရေတပ် ကတော့ မြေထဲ ပင်လယ် အရှေ့ပိုင်းမှာ သူတို့ရဲ့ ရေတပ် အင်အားကို တိုးချဲ့ ချထား လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ် ရေး ဝန်ကြီး ချက်ခ် ဟဲဂယ်လ်က ပြောကြား ပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ဓာတု လက်နက် သုံးတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် မစ္စတာ အိုဘားမားဟာ စစ်ရေး အရ ဆောင်ရွက်ဖို့ တောင်းဆို လိုက်တယ် လို့ မစ္စတာ ဟဲဂဲလ်က ပြောပါတယ်။

အဲဒီ အရှေ့မြေထဲ ပယ်လယ် ထဲကို စတုတ္တမြောက် စစ်သင်္ဘော တစီး ဝင်ရောက် သွားပြီ လို့ အမေရိကန် ကာကွယ်ရေး အရာ ရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂ လက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာ ထိပ်တန်း အရာရှိ အန်ဂျလာကိန်း ကတော့ ဆီးရီးယား နိုင်ငံ မြို့တော် ဒမားစကပ်ကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

ဆီးရီးယားမှာ ဓာတု လက်နက်သုံး တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ နေရာတွေကို သွားရောက် စစ်ဆေးခွင့် ရရေး သမ္မတ အာဆတ် အစိုးရကို အန်ဂျလာကိန်း ကနေ ဖိအား ပေး နားချမှာ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရ ကနေ အရပ်သားတွေ အပေါ် ဓာတု လက်နက်တွေ သုံးပြီး ဂူတာ ဒေသ ဘက်မှာ တိုက်ခိုက် တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေ ထွက်ပေါ် လာခဲ့တာ ဖြစ်ပြီး၊ အစိုးရ ကတော့ မဟုတ်ကြောင်း ငြင်းဆိုထား ပါတယ်။

နောက်သတင်း တပုဒ်မှာတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒမားစကပ် ဆင်ခြေဖုံး နေရာကို အစိုးရ စစ်သားတွေ ကနေ ဝင်ရောက် ခဲ့ရာမှာ ဓာတု လက်နက်တွေ တွေ့ခဲ့ ရတယ်လို့ အစိုးရ ရုပ်သံ ကနေ ကြေညာသွား ပါတယ်။

ဓာတု လက်နက်တွေကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံး ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။