ဘရာဇီး ကမ္ဘာဖလား ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပနိုင်လိမ့်မယ်လို့ ဖီဖာ ယုံကြည်

  • 23 ဩဂုတ် 2013
FIFA အကြီးအကဲ Jerome Valcke

၂၀၁၄မှာ ဘရာဇီး နိုင်ငံမှာ ကမ္ဘာဖလား ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပနိုင်လိမ့်မယ် ဆိုတဲ့ အပေါ် ယုံကြည်ချက် တိုးလာနေတယ်လို့ ကမ္ဘာဘောလုံး အဖွဲ့ချုပ် ဖီဖာရဲ့ အကြီးအကဲက ပြောပါတယ်။

ဘရာဇီး နိုင်ငံက လက်ခံကျင်းပမယ့် မြို့တွေကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့စဉ် အတွင်း လက်ရှိ ဆောက်လုပ်စဲ ဘောလုံးကွင်း ခြောက်ခုဟာ အချိန်မှီ ပြီးစီးလိမ့်မယ်လို့ ယုံကြည်ကြောင်း Jerome Valcke က ပြောပါတယ်။

ဖီဖာရဲ့ နောက်ဆုံး သတ်မှတ်ရက် ဖြစ်တဲ့ ဒီဇင်ဘာမှာ ဘောလုံးကွင်း အားလုံး ပြီးဖို့ အများအပြား လုပ်ရဦးမှာ ဖြစ်ပေမယ့် လက်ရှိ တိုးတက်မှုတွေကို ကြည့်ပြီး အခုတော့ စိတ်သက်သာရာ ရမိတယ်လို့ သူက ဆိုပါတယ်။