BBC navigation

ပါကစ္စတန် အကျဉ်းထောင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့

နောက်ဆုံး ရေးသားချိန် 30 ဇူလိုင်လ 2013 - 01:03 GMT

ပါကစ္စတန် တာလီဘန်တွေ ထောင်ဖောက်ပြီ

ပါကစ္စတန် အနောက်မြောက်ဖက်က အကျဉ်းထောင်တခုကို တာလီဘန် စစ်သွေးကြွတွေက ဆန်းဆန်းပြားပြား တိုက်ခိုက် ခဲ့ကြပြီး ရာနဲ့ချီတဲ့ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက် နိုင်အောင် ကြိုးစားခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။

Dera Ismail Khan မြို့နားမှာ ရှိတဲ့ ထောင်ကို လျှပ်စစ်မီးလိုင်းတွေကို ဖောက်ခွဲ ဖြတ်တောက်ကာ ထောင်အပြင်ဖက် နံရံကို ပေါက်ကွဲ စေတက်တဲ့ အရာ တွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထောင်ပိုင်က ပြောပြီး တိုက်ခိုက်သူတွေ ထဲက တချို့က ရဲ အယောင်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

နောက်ပြီး ပြိုကျသွားတဲ့ ထောင်နံရံပေါက်တွေကနေ ဝင်ပြီး ဒုံးကျည်တွေ ၊ သေနတ်တွေ ၊ တခြား ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူ ကတော့ အကျဉ်းသား သုံးရာကျော် ထွက်ပြေး လွတ်မြောက်သွားတယ် ဆိုပေမယ့် ဒါကို အတည်ပြုချက် မရသေးပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။