သြစတြေးလျမှာ လှေစီး ဒုက္ခသည် ပိတ်ပြီ

  • 19 ဇူလိုင် 2013
သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ မူဝါဒ တစိတ် တပိုင်း အနေနဲ့ မစ္စတာ ရတ်ဒ် ကနေ ကြေညာ

သြစတြေးလျ ဝန်ကြီးချုပ် ကဲဗင် ရတ်ဒ် က သူ့နိုင်ငံကို နောက်ထပ် လှေစီး ရောက်ရှိ လာပြီး ခိုလှုံခွင့် တောင်းခံ သူတွေကို ဒုက္ခသည် အဖြစ် အခြေချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ပြော ကြားလိုက် ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ မူဝါဒ တစိတ် တပိုင်း အနေနဲ့ မစ္စတာ ရတ်ဒ် ကနေ အခုလို ကြေညာ သွားခဲ့တာ ဖြစ်ပြီး၊ အဲဒီလို ဝင်ရောက် လာသူ တွေကို ပါပူရာ နယူး ဂီနီ နိုင်ငံ ကို ပို့ပြီး စိစစ်မှုတွေ လုပ်ဖို့ နှစ်နိုင်ငံ၊ တနှစ် သဘောတူညီမှု ရရှိ ထားပြီ ဖြစ်တယ် လို့လည်း သူက ပြောကြား ပါတယ်။

ဂီနီက ဒုက္ခသည် တွေ ကိုတော့ အဲဒီမှာ နေထိုင်ခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ခိုလှုံခွင့် လျှောက်ထား ရာမှာ မအောင်တဲ့ သူတွေ ကိုတော့ မူရင်း နိုင်ငံကို ပြန်ပို့မှာ ဖြစ်သလို တတိယ နိုင်ငံ တခုခု ကိုလည်း ပို့မယ်လို့ ဆိုပါတယ်။

လူ့အခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့တွေ ကတော့ အခုလို သြစတြေးလျရဲ့ ဆောင်ရွက် မှုကို ဝေဖန် ရှုတ်ချလိုက် ပါတယ်။

သြစတြေးလျ ဒုက္ခသည်နဲ့ လူဝင်မှု ဆိုင်ရာ ဥပေဒ ဌာနက အမှုဆောင် ဒါရိုက်တာ ဒေးဗစ် မန်း ကတော့ ဒါဟာ အစိုးရက ဒုက္ခသည် တွေကို အကာ အကွယ် ပေး ပါ့မယ် ဆိုတဲ့ ကတိ ကဝတ် တွေကို အခြေခံ ကျကျ ငြင်းဆို လိုက်တာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ