BBC navigation

ဖိလစ်ပိုင် ဖွားနှုန်း ကန့်သတ်တဲ့ ဥပဒေ

နောက်ဆုံး ရေးသားချိန် 10 ဇူလိုင်လ 2013 - 01:38 GMT
phillipines

ဆင်းရဲသား တွေ အကျိုးရှိဖို့ တားဆေးတွေ ဝေမယ်

ဖိလစ်ပိုင် မှာ မွေးဖွားနှုန်း ကန့်သတ်တဲ့ ဥပဒေ ပြဋ္ဌာန်းတာဟာ ဖွဲ့စည်းပုံ ဥပဒေ နဲ့ မညီဘူး ဆိုပြီး ကန့်ကွက်မှု တွေကို တရား လွှတ်တော် ချုပ် က စတင် ကြားနာ နေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင် လူဦးရေ တရိပ်ရိပ် တိုးပွား နေတာကို ကန့်သတ်ဖို့နဲ့ ဆင်းရဲသား တွေ အတွက် အကျိုးရှိ စေတော့ ဆိုပြီး သန္ဓေ တားဆေးတွေ ပေးဝေ ရာမှာ အစိုးရက ကြီးကြပ် စီစဉ် ပေးမယ့် မျိုးပွား ကျန်းမာရေး ဥပဒေ ကို ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ သြဇာ ကြီးလှတဲ့ ကက်သလစ် ကျောင်းတော်ရဲ့ ဥပဒေကြောင်း အရ နောက်ဆုံး ခုခံမှုလည်း ဖြစ်ပါတယ်။

လွှတ်တော်က မနှစ်က အတည်ပြု ခဲ့တဲ့ ဥပဒေ ကိုတော့ နောက်ထပ် ကြားနာ စစ်ဆေး ဖို့ တရား လွှတ်တော်ချုပ်က မတ်လက ဆိုင်းငံ့ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။