BBC navigation

ဆန်ဖရန်စစ္စကို လေယာဉ်ကွင်းမှာ လေယာဉ် ပျက်ကျ

နောက်ဆုံး ရေးသားချိန် 6 ဇူလိုင်လ 2013 - 19:46 GMT
San Francisco plance crash

မီးလောင်ကျွမ်းနေတဲ့ လေယာဉ်

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ နိုင်ငံတကာ လေဆိပ်မှာ ဘိုးရင်း ၇၇၇ ခရီးသည်တင် လေယာဉ်ကြီးတစ်စီး စနေနေ့ နေ့ခင်းပိုင်းက ပျက်ကျခဲ့ပါတယ်။

ဒီလေယာဉ်ဟာ တောင်ကိုးရီးယား လေကြောင်းလိုင်း Asiana ရဲ့ လေယာဉ်ဖြစ်ပြီး ဆိုးလ်မြို့ကနေ ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။ လေယာဉ်အဆင်း ပြေးလမ်းပေါ်မှာ ပျက်ကျခဲ့ပြီး မီးခိုးတွေတလူလူ ထွက်ကာ မီးလောင်ကျွမ်းခဲ့ပါတယ်။

လူ ၂ ဦးသေဆုံးတယ်လို့ ဆန်ဖရန်စစ္စကို မီးသတ်ဌာနက အတည်ပြု ပြောပါတယ်။ နောက်ပြီး ဆေးရုံမှာ ရောက်နေတဲ့ အထဲက ၂ ဦးကလည်း စိုးရိမ်ရတဲ့ အနေအထားလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၃၀၀ နီးပါး လိုက်ပါလာကြပြီး အများစုကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။