BBC navigation

အီဂျစ် စစ်တပ်က ညီညွတ်ရေး တောင်းဆို

နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2013 - 22:23 GMT
cairo

စစ်အာဏာ သိမ်းမှု အဆုံးသတ်ဖို့ မွတ်ဆလင် ညီနောင်များ တောင်းဆို

သောကြာ နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ ကြီးတွေ ဆင်နွှဲဖို့ မွတ်ဆလင် ညီနောင်များ အဖွဲ့က တောင်းဆို ခဲ့ပြီးနောက် အီဂျစ် စစ်တပ်က အမျိုးသား စည်းလုံး ညီညွတ်ရေး အတွက် တောင်းဆိုချက် တရပ် ထုတ်ပြန် ခဲ့ပါတယ်။

အီဂျစ် ပြည်သူ တွေရဲ့ ခွင့်လွှတ် တတ်တဲ့ ပင်ကို သဘာဝ အရ လက်စားချေ တိုက်ခိုက်မှု တွေ မဖြစ်နိုင်ဘူး လို့ ယုံကြည်ကြောင်း အီဂျစ် စစ်တပ်က ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုမယ် လို့လည်း စစ်တပ်က ကြေညာ ပါတယ်။

ကြားဖြတ် အစိုးရသစ်မှာ ပါဝင်ဖို့ အီဂျစ် သမ္မတသစ် ဖိတ်ကြားချက် ကိုတော့ မွတ်ဆလင် ညီနောင်များ အဖွဲ့က ပယ်ချ ခဲ့ပါတယ်။

သမ္မတ မော်စီကို ပြုတ်ကျ စေချင်တဲ့ ပြည်သူ သန်း ၂ဝ အတွက် စစ်တပ်က ဆောင်ရွက် ခဲ့ပြီးနောက် နိုင်ငံရေး ဖြစ်စဉ်တွေမှာ စစ်တပ် ဆက်ပြီး မပါ ဖို့ မျှော်လင့်ကြောင်း အီဂျစ် အတိုက်အခံ ခေါင်းဆောင် Mohamed El Baradei က ဘီဘီစီကို ပြောပါတယ်။

အမေရိကန် တောင်းဆို

အီဂျစ်မှာ ဒီမိုကရေစီ အစိုးရ အမြန်ဆုံး ပြန်ပေါ်ထွန်းဖို့ အတွက် အာဏာပိုင် တွေနဲ့ ဆွေးနွေးဖို့ အမေရိကန် သမ္မတက လုံခြုံရေး ကိုယ်စားလှယ် အဖွဲ့ စေလွှတ်မယ် လို့လည်း အိမ်ဖြူတော်က ထုတ်ပြန် ပါတယ်။

အီဂျစ် စစ်တပ် အနေနဲ့ နိုင်ငံရေးမှာ ဘာမှ ဆက်ပါမှာ မဟုတ်ဘဲ ပြည်သူ့ ဆန္ဒ ကြီးမားလွန်းလို့ ဝင်ရောက် စွက်ဖက် ခဲ့ရကြောင်း၊ ဒါဟာ အာဏာ သိမ်းတာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို ဖုန်းဆက် ရှင်းပြ ခဲ့တယ်လို့ အီဂျစ် နိုင်ငံခြားရေး ၀န်ကြီးသစ် က ဆိုပါတယ်။

သမ္မတဟောင်း လူတွေကို သိမ်းကျုံး ဖမ်းတာတွေ မလုပ် ဖို့လည်း အမေရိကန် က တောင်းဆို ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။