အီဂျစ်သမ္မတ နုတ်ထွက်ပေးရေး တောင်းဆို ဆန္ဒပြ

  • 30 ဇွန် 2013
ဆန္ဒပြသူတွေဟာ ကိုင်ရိုမြို့လယ် တာဟီရာ ရင်ပြင်မှာ ညလုံးပေါက် အိပ်ပြီး စောင့်နေကြ တာပါ

အီဂျစ် သမ္မတ မိုဟာမက် မော်စီ အာဏာ ရလာတဲ့ တနှစ်ပြည့်၊ ဇွန်လ ၃၀ ရက်နေ့မှာ သူ့ကို ထောက်ခံ သူတွေနဲ့ ဆန့်ကျင် သူတွေရဲ့ အပြိုင် ဆန္ဒပြ မှုတွေဟာ မြို့တော် ကိုင်ရိုနဲ့ နိုင်ငံ တဝန်း မှာ ဖြစ်ပွားနေ ပါတယ်။

အစ္စလာမ်မစ် သမ္မတ မော်စီ ကို ဆန့်ကျင် သူတွေ ကတော့ မစ္စတာ မော်စီ ရာထူးက ထွက်ပေးဖို့ တောင်းဆို နေကြ ပါတယ်။ မစ္စတာ မော်စီဟာ တိုင်းပြည်ရဲ့ စီးပွားရေး နဲ့ လုံခြုံရေး ပြဿနာ တွေကို မဖြေရှင်း နိုင်ခဲ့ ဘူးလို့ အတိုက် အခံ တွေက ပြောပါတယ်။

နောက်ပြီး တိုင်းပြည်ရဲ့ ကျယ်ပြော လှတဲ့ အကျိုး စီးပွား ထက်ကို မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ရှေ့တန်း တင်ခဲ့တယ် လို့လည်း ပြောကြပါတယ်။

အခု ဆိုရင် ရွေးကောက်ပွဲ အသစ် တခု အဆော တလျင် ကျင်းပဖို့ အတွက် လက်မှတ်ထိုး တောင်းဆိုသူ လူပေါင်း ၂၂ သန်း ကျော်သွား ပြီလို့ ဆိုပါတယ်။

မစ္စတာ မော်ဆီ ကတော့ အခုလို တောင်းဆို မှုတွေကို ပယ်ချ ကြောင်း ဗြိတိန် ထုတ် The Guardian သတင်းစာနဲ့ မေးမြန်း ခန်းမှာ ပြောကြားသွား ပါတယ်။

သူရာထူးက နှုတ်ထွက်မယ် ဆိုရင် နောက်တက် လာမယ့် သူတွေရဲ့ လုပ်ပိုင်ခွင့် အာဏာကို သေးသိမ်အောင် လုပ်သလို ဖြစ်လိမ့် မယ်လို့ သူက ပြောပါတယ်။