Facebook ကြော်ငြာ ပုံစံတွေ အကြီးအကျယ် အပြောင်းအလဲ လုပ်မယ်

  • 29 ဇွန် 2013
ကြော်ငြာ ကိစ္စ ပြဿနာ တက်နေတဲ့ ဖေ့စ်ဘွတ်ခ်

လူမှုဆက်သွယ်ရေး ကွန်ယက် ဖြစ်တဲ့ Facebook ရဲ့ ကြော်ငြာတွေကို လူတဖက်သားကို စော်ကားတဲ့ စာမျက်မှာတွေမှာ မှားကြော်ငြာမိမှာ စိုးရိမ်တဲ့ အတွက် သူတို့ရဲ့ ၀န်ဆောင်မှု ပေးမယ့် ကြော်ငြာ ပုံစံတွေကို အကြီးအကျယ် အပြောင်းအလဲ လုပ်မယ်လို့ ပြောပါတယ်။

Marks and Spencers နဲ့ BSkyB အပါအဝင် နာမယ်ကြီး ကုမ္ပဏီ တော်တော်များများက သူတို့ကြော်ငြာတွေကို Facebook က မသင့်တော်တဲ့ စာမျက်နှာတွေပေါ်မှာ ကြော်ငြာပေးခဲ့တာနဲ့ ပတ်သက်လို့ ပြစ်တင် ပြောကြားခဲ့ပြီးနောက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာထည့်ဖို့ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းကတော့ အဲဒီလို ရိုင်းစိုင်း ကြမ်းတမ်း ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပါတဲ့ စာမျက်နှာမှာ ရှိတဲ့ သူတို့ ကြော်ငြာတွေကို ဖယ်ရှားလိုက်ပြီလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

အဲဒီလို ဖယ်ရှားရတာဟာ အရမ်း ခဲယဉ်း လက်ဝင်တဲ့ အလုပ် ဖြစ်ပေမယ့် ဒီကိစ္စကို ဖေ့စ်ဘွတ်ခ် အနေနဲ့ လေးလေးနက်နက်ထား ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။