BBC navigation

ပါလက်စတိုင်းမှာ ကန် ရင်းနှီးမြှုပ်နှံမယ်

နောက်ဆုံး ရေးသားချိန် 26 မေလ 2013 - 21:41 GMT
kerry

၃ နှစ်တွင်း ပါလက်စတိုင်း စီးပွားရေး ထိုးတက်သွားနိုင်

ကျဆင်းနေတဲ့ ပါလက်စတိုင်း စီးပွားရေးကို ပြန်ပြီး မြှင့်တင်ဖို့ ပုဂ္ဂလိက ကဏ္ဍမှာ ဒေါ်လာ သန်း လေးထောင် ဖိုး ရင်းနှီး မြှုပ်နှံ သွားမယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက ဖွင့်ဟ ပြောကြား လိုက်ပါတယ်။

ဒီစီမံကိန်းကြောင့် နောက် ၃ နှစ် အတွင်း ပါလက်စတိုင်း စီးပွားရေးကို ၅ဝ ရာခိုင်နှုန်း ထိုးတက် သွားနိုင်ကြောင်း ဂျော်ဒန် နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ပိတ်ပွဲမှာ မစ္စတာ ကယ်ရီ ပြောကြား ခဲ့တာပါ။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်း တွေမှာ အလုပ်အကိုင်တွေ ဖန်တီးပေးပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်း ကျဆင်း သွားဖို့ ရည်ရွယ်တယ်လို့လဲ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းဟာ ပါလက်စတိုင်းနဲ့ အစ္စရေးကြား ငြိမ်းချမ်းရေး သဘော တူညီချက် တိုးတက်မှု အပေါ်မှာ မူတည် နေတယ်လို့လဲ ပြောကြား ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရရှိဖို့ စိမ်ခေါ်မှု တွေ ရှိပေမယ့် ခက်ခဲမှု နဲ့ အတူ၊ အောင်နိုင်မှု ရဖို့ လိုကြောင်း ဂျွန်ကယ်ရီ က ပြောတာပါ။ ဒါမှသာ အစ္စရေး လည်း တည်ငြိမ်မှု ရှိမှာ ဖြစ်သလို ပါလက်စတိုင်းလည်း လွတ်လပ်တဲ့ နိုင်ငံ အဖြစ် ရပ်တည်နိုင်မယ် လို့ ဆိုပါတယ်။

အစ္စရေးသမ္မတ ရှီမွန်ပဲရက်စ် ကတော့ အစ္စရေး နဲ့ ပါလက်စတိုင်း ဟာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အတွက် အမြန်ဆုံး ဆွေးနွေးပွဲ ပြန်စယင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေး ကို ကြိုးပမ်းကြပါစို့ လို့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ် ကို ဆန္ဒပြုလိုက်ပါတယ်။

သမ္မတ အာဘတ်စ် ဖက်ကတော့ ယာယီဖြေရှင်းမှုတွေ၊ ယာယီ နယ်နိမိတ် သတ်မှတ်မှု တွေ၊ နိုင်ငံရေး အပိုင်း က အဓိက သော့ချက် တွေ ကိုလျစ်လျူရှု ပြီး၊ စီးပွားရေး အရ ဖြေရှင်းမှု ကို ပါလက်စတိုင်း လူမျိုးတွေက မလိုလား ကြောင်း၊ ဒါ ကို မမေ့ကြဖို့ ကမ္ဘာ့ စီးပွားရေး ဖိုရမ် မှာ အတိအလင်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။