လန်ဒန် Woolwich အရပ် မှာလူသတ်မှုဖြစ်

  • 22 မေ 2013
woolwich_attack_
လူသတ်မှု ဖြစ်ပွားရာ Woolwich အရပ်

လန်ဒန်မြို့ အရှေ့တောင်ဘက် ဝူးလစ်ချ် Woolwich အရပ်မှာ ဗုဒ္ဓဟူးနေ့ နေ့လယ် နှောင်းပိုင်း က လူသတ်သမား နှစ်ယောက် လက်ချက် နဲ့ အနားက တပ်စခန်းက စစ်မှုထမ်း တယောက် သားခုတ်ဓား နဲ့ အသတ်ခံလိုက် ရပါတယ်။

ဓားရှည်၊ သားခုတ် ဓား နဲ့ သေနတ် ကိုင်ထားတဲ့ လူသတ် သမား နှစ်ယောက်က လူသတ်မှု ကျူးလွန် ရင်း ဗြိတိသျှ အစိုးရ ကို ဆန့်ကျင်တဲ့ စကား၊ ကလဲ့စားချေတဲ့ စကားတွေ ပြောပါတယ်။

ရဲ ဝန်ထမ်းတွေ ရောက်လာချိန်မှာ ရန်ပြုမယ့် အသွင်ဆောင်တဲ့ အတွက် ဒီလက်နက်ကိုင် လူနှစ်ယောက် ကို ရဲ က ပစ်ခတ် ဖမ်းဆီးပြီး သီးခြားစီ ဆေးရုံတင်လိုက် ပါတယ်။

အခုလို နေ့ခင်း ပိုင်းမှာ အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်ပွားတာ နဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီး ထရီဇာမေ က အထက်ပါ တိုက်ခိုက်မှု ဟာ ဗြိတိန် တနိုင်ငံ လုံးက ပြည်သူတွေ အပေါ် တိုက်ခိုက် တာနဲ့ အလားတူကြောင်း၊ နိုင်ငံ အတွင်း လမ်းမ တွေ ပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ မြင်ဖူးပေမယ့် အမြဲဆန့်ကျင် တဲ့ ဘက် က ခိုင်ခိုင်မာမာ ရပ်ခဲ့ ပုံ၊ ဒီလူမဆန်တဲ့ လူသတ်မှု ကျူးလွန်သူတွေ ကို ထိုက်သင့်တဲ့ အပြစ်ဒဏ် ကနေ ကင်းလွတ်ခွင့် ပြုမှာ မဟုတ်ဘူး လို့ လည်း ပြောပါတယ်။

ပြင်သစ် ဝန်ကြီးချုပ် နဲ့ အစိုးရ ကိစ္စ သွားရောက် ဆွေးနွေး တဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ကိစ္စ မပြီးပြတ်သေး ပေမယ့် လန်ဒန် ကို ပြန်လာရင်း ကြာသပတေးနေ့ မှာ လုံခြုံရေး ထိပ်တန်း အရာရှိ တွေ နဲ့ တွေ့ဆုံ ဆွေးနွေးပြီး လန်ဒန် တဝိုက် စစ်တပ် စခန်း တွေမှာ လုံခြုံရေး တိုးမြှင့် ချထားရေး စီစဉ်မယ့် အကြောင်းလဲ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ