BBC navigation

ဆီးရီးယား ဓာတုလက်နက် ပူပန်ကြ

နောက်ဆုံး ရေးသားချိန် 24 ဧပြီလ 2013 - 00:44 GMT
syria

သူပုန် တွေကို ဓာတုလက်နက် သုံးပြီးစစ်ဆင် လို့ဆို

ဆီးရီးယား အစိုးရ ဓာတု လက်နက် သုံးတယ်လို့ အမေရိကန်က မယူဆသေးပေမယ့် လက်နက် တွေ ရှိမရှိ ဝင်စစ်ဆေးဖို့ ထောက်ခံတယ်လို့ အိမ်ဖြူတော် က ပြောကြား လိုက်ပါတယ်။

ဆီးရီးယား သူပုန် တွေကို အစိုးရက ဓာတုလက်နက် သုံးပြီး စစ်ဆင်နေတယ်လို့ အစ္စရေး ဘက်က စွပ်စွဲ လိုက်ပြီးနောက် ဒီလို ဝေဖန်မှုတွေ ပေါ်ထွက် လာတာပါ။

ကုလသမဂ္ဂ ပြောခွင့်ရ Farhan Haq ကလဲ ဆိုက်ပရပ်မှာ အသင့်စောင့်နေတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ကို အမြန် ဝင်ခွင့်ပြုဖို့ ဆီးရီးယား အစိုးရနဲ့ စေ့စပ်နေတယ်လို့ ဆိုပါတယ်။

ဆီးရီးယား လက်ဝယ်မှာ ပိုင်ဆိုင်ထားတဲ့ ဓာတု ဗေဒ လက်နက်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ နေတိုး အဖွဲ့ဝင်တွေ စဉ်းစားဖို့ လိုနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဘရပ်ဆဲမြို့ နေတိုး အဖွဲ့ အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။