BBC navigation

တရုတ်မီဒီယာမှာ တရုတ်သမ္မတဇနီးကို အထူးဖေါ်ပြ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 15:59 GMT

တရုတ် နိုင်ငံမှာ ခေါင်းဆောင် တွေရဲ့ ဇနီး ဖြစ်သူ တွေကို မီဒီယာတွေမှာ များသာ အားဖြင့် ဖေါ်ပြလေ့ မရှိ

တရုတ် နိုင်ငံ သမ္မတ ရှီဂျင်ပင်းရဲ့ ဇနီး အကြောင်း တရုတ် နိုင်ငံ မီဒီယာတွေနဲ့ အင်တာနက် စာမျက်နှာ တွေမှာ အထူး အလည် ဖေါ်ပြ ပေး နေတာကို တွေ့ရ ပါတယ်။

မစ္စတာ ရှီဟာ ဇနီး ဖြစ်သူ ဖန်လီအန်း နဲ့အတူ ရုရှား နိုင်ငံ ကို ချစ်ကြည်ရေး အလည် အပတ် သွားရောက်တဲ့ အကြောင်းတွေကို ရေးသား ဖေါ်ပြ နေတာ ဖြစ်ပါ တယ်။

ဘေဂျင်းမြို့ထုတ် အဓိက သတင်းစာကြီး တွေမှာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မစ္စတာ ရှီတို့ လက်ဆွဲ နှုတ်ဆက် နေတဲ့ ပုံကို တော့ မဖေါ်ပြပဲ သမ္မတ ရှီနဲ့ ဇနီး ဖန်လီအန်း တို့ မော်စကို အရောက် လောယာဉ် ပေါ်က ဆင်းလာတဲ့ ဓာတ်ပုံကို ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ ခေါင်းဆောင် တွေရဲ့ ဇနီး ဖြစ်သူ တွေကို များသာ အားဖြင့် ဖေါ်ပြလေ့ မရှိတဲ့ မီဒီယာ တွေဟာ အခုတော့ ဖန် လီအန်း အကြောင်း ဖေါ်ပြ ကြပြီး သူ့ရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ဆံပင် ပုံစံ တို့ကိုလည်း ချီးကျူးထား ပါတယ်။

ဖန်လီအန်းဟာ တရုတ် နိုင်ငံက နာမည်ကျော် အဆိုတော် တဦးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။