BBC navigation

ဆိုက်ပရပ်စ်ဘဏ္ဍာရေး ပါလီမန်မှာ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 16:14 GMT

လူတွေ ကတော့ ပါလီမန် အပြင်ဘက် မှာတော့ ကန့်ကွက် ဆန္ဒပြ နေကြ ပါတယ်

ဆိုက်ပရပ်စ် နိုင်ငံ ဒေဝါလီ မခံ ရရေး၊ အရေးပေါ် ဆောင်ရွက်မှု အသစ်တွေ ပြုလုပ်မယ့် အစီ အစဉ် တခု ကို ဆိုက်ပရပ်စ် ပါလီမန်မှာ အခြေ အတင် ဆွေးနွေးဖို့ အတွက် ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။

ဒီအတွက် တိုင်းပြည် ဘဏ္ဍာရေး စနစ် ပြိုကျ သွားမယ့် အန္တရာယ် ကနေ ကယ်တင်ဖို့ အတွက် ပါလီမန် အမတ်တွေ အနေနဲ့ တာဝန် ကြီးမားတဲ့ ဆုံးဖြတ် ချက် တွေကို ချမှတ် ကြပါ ဆိုပြီး အစိုးရ ပြောခွင့် ရသူက ပါလီမန် အမတ်တွေကို တောင်းဆို လိုက် ပါတယ်။

ခက်ခဲလှတဲ့ စေ့ဆပ် ဆွေးနွေး မှုတွေကို စတင် နေပြီ ဖြစ်ပြီး၊ ကိစ္စရပ် တွေကို ဖြေရှင်းဖို့ အတွက် နာရီ ပိုင်းသာ လိုတော့ တယ်လို့ အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါ တယ်။

ဆိုက်ပရပ်စ် အနေနဲ့ နိုင်ငံ တကာ ကယ်ဆယ်ရေး ကူညီငွေ ရရှိဖို့ အတွက် ဒေါ်လာ ၈ ဘီလျံ နီးပါး အရင် ရအောင် လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီ အတွက် ဥရောပ ဗဟိုဘဏ် ကတော့ ဆိုက်ပရပ်စ်ကို လာမယ့် တနင်္လာနေ့ အထိပဲ အချိန်ပေးထား ပါတယ်။­­

အခု အချိန် မှာတော့ ရုရှား ဝန်ကြီးချုပ် ဒီမက်ထရီ မက်ဗီးရေးဒက် ပြောတာက ဆိုက်ပရပ်စ်ကို ကူညီဖို့ မော်စကိုဟာ တခါး မပိတ်ထား ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဆိုက်ပရပ်စ် ခေါင်းဆောင် တွေဟာ အီးယူ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အရင်ဆုံး သဘော တူညီမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။

ပါလီမန် အပြင်ဘက် မှာတော့ လူတွေဟာ သူတို့ရဲ့ ငွေစု စာရင်းတွေ ကနေ အခွန် ဖြတ် မဖြတ်ဆိုတာ မကျိန်း သေတဲ့ အတွက် ကန့်ကွက် ဆန္ဒပြ နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။