BBC navigation

တရုတ်နိုင်ငံတော်သစ်ကြီး ဖြစ်လာဖို့ မစ္စတာရှီ ကတိပြု

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 15:52 GMT

မစ္စတာရှီက သူ့ရဲ့ ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဖြစ်တယ် လို့ ပြော

တရုတ် သမ္မတသစ် ရှီဂျင်ပင်းဟာ နိုင်ငံ့ ဦးလျှောင် တဦး အနေနဲ့ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ တရုတ် နိုင်ငံတော် သစ်ကြီး တခု ဖြစ်လာဖို့ အတွက် စွမ်းစွမ်း တမံ ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ ပြောကြား သွားပါတယ်။

တရုတ် ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်း အဝေး ပိတ်ပွဲမှာ မစ္စတာ ရှီက ပြောကြား သွားတာ ဖြစ်ပြီး၊ ၁၀ နှစ် တကြိမ် ပြုလုပ်တဲ့ အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ် ဟာလည်း အပြီးသတ် သွားပြီ ဖြစ်ပါတယ်။

မစ္စတာရှီက သူ့ရဲ့ ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဖြစ်ပြီး၊ အကျင့်ပျက် ခြစား မှုတွေနဲ့ မညီမျှမှု တွေကိုလည်း ကိုင်တွယ် ဖြေရှင်း ရမယ်လို့ ပြောကြားပါတယ်။

စစ်တပ် ကလည်း တိုက်ပွဲ တွေကို အောင်နိုင် ဖို့အတွက် စစ်စွမ်းရည် မြှင့်တင် ရမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် လီကွတ်ချန်

ကိုယ်ကျိုး စီးပွားရေး ဆိုင်ရာ ပြုပြင် မှုတွေလည်း ပါဝင် လိမ့်မယ်လို့ ဝန်ကြီးချုပ်ပြော

တရုတ် ဝန်ကြီးချုပ်သစ် လီကွတ်ချန် ကလည်း စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဟာ မဖြစ် မနေ ပြုလုပ် ရမယ့် ကိစ္စ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက် ပါတယ်။

ဒါပေမယ့်လို့ ကိုယ်ကျိုး စီးပွားရေး ဆိုင်ရာ ပြုပြင် မှုတွေလည်း ပါဝင် လိမ့်မယ်လို့ သူက ပြောပါတယ်။

အစိုးရ အနေနဲ့ တခြား ရွေးချယ် စရာလမ်း မရှိတဲ့ အတွက် ဒီလမ်းကိုပဲ ခက်ခက် ခဲခဲ ကူးဖြတ် ရမှာ ဖြစ်သလို၊ ဒီကိစ္စဟာ နက်ရှိုင်းဖွယ် ရှိတယ် လို့လည်း သူက ပြောပါတယ်။

မစ္စတာလီက တရုတ် နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပြဿနာ တွေကို ပိုမို အလေးထား ကိုင်တွယ် ဖြေရှင်းဖို့ ပြောကြားသွား ပါတယ်။ တရုတ် ပြည်သူ တွေရဲ့ အထွေထွေ မကျေနပ်မှု တွေထဲမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ကိစ္စရပ်လည်း ပါဝင် ပါတယ်။

ပြုပြင် ထိန်းသိမ်းရေး စခန်းလို့ လူသိများတဲ့ ရုံးတင် စရာ မလိုဘဲ လူတွေ ကို ၄ နှစ် အထိ ထိန်းထိမ်းထား နိုင်တဲ့ စနစ်ကိုလည်း ပြုပြင်ဖို့ အတွက် ဒီနှစ် အကုန် လောက် မှာ အစီ အစဉ်တွေ လုပ်မယ်လို့ ကတိပေး သွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။