BBC navigation

HIV ပိုးရှိသူ စောစောကုက ဆေးဖြတ်လည်း ကျန်းမာ

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 01:39 GMT
HIV

HIV ပိုး

ပြင်သစ်သုတေသီတွေက အိတ်ချ်အိုင်ဗီဗိုင်းရပ်စ်ပိုး ရှိနေသူတွေဟာ စောစော ကုသခံရပြီး ထူထူထောင်ထောင် ဖြစ်လာချိန်မှာ ဆေးဖြတ်လိုက်ရင်လည်း ကျန်းမာစွာနဲ့ နှစ်အတန်ကြာ အသက်ရှည်နေနိုင်တယ် ဆိုတာကို သက်သေပြခဲ့ကြပါတယ်။

ပိုးရှိသူတွေနဲ့ စမ်းသပ်ပြီးနောက်မှာ ဒီအဖြေကို ထုတ်ခဲ့တာဖြစ်ပြီး၊ တယောက်ကဆို ခုခံအားထိန်းထားနိုင်တဲ့ အေအာဗီဆေး သောက်တာကို ရပ်လိုက်တာ ၁၀ နှစ်ကျော်သွားပြီလို့ သိရပါတယ်။

ပိုးရှိနေပြီလို့ သိတာနဲ့ ၁၀ ပတ် အတွင်းမှာ ထိထိရောက်ရောက် ကုခဲ့ရင် ခဏကြာလို့ ဆေးဖြတ်လိုက်လည်း ကျန်းမာစွာ နေနိုင်နေမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။