BBC navigation

အီတလီ ရွေးကောက်ပွဲ မဲမပြတ်

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 23:08 GMT
italy

စီးပွားရေး နလံထဖို့ ရွေးကောက်ပွဲ လုပ်ရတဲ့ အီတလီ

အီတလီ အထွေထွေ ရွေးကောက်ပွဲကြီး အပြီးသတ်ခါနီး နေပေမယ့် လက်ဝဲ လက်ယာ ပါတီတွေကြား အနိုင်အရှုံး ရလဒ်က မကွဲသေးပါဘူး။

အစောပိုင်းက ထွက်ပေါ်လာတဲ့ မဲရလဒ်တွေ အရ လက်ဝဲယိမ်း အုပ်စုက အောက်လွှတ်တော်မှာ သိုးကာ သီကာနဲ့ နိုင်ခြေများ နေပြီး အထက် လွှတ်တော် မှာတော့ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီရဲ့ လက်ယာ ညွန့်ပေါင်း အဖွဲ့က အများစု အသာရနိုင် ပါတယ်။

အင်မတန် သိမ်မွေ့တဲ့ အနေအထား အဖြစ် လက်ဝဲယိမ်း ပါတီ ခေါင်းဆောင် Pier Luigi Bersaniက ပြောဆိုပါတယ်။

လူရွှင်တော် Beppe Grillo ရဲ့ တိုက်ရိုက် ဒီမိုကရေစီနဲ့ ရိုးသားတဲ့ နိုင်ငံရေး ကို တောင်းဆိုတဲ့ ဆန္ဒပြ လှုပ်ရှားမှုကလဲ တနိုင်ငံလုံးမှာ မဲ ၄ ပုံ ၁ ပုံလောက် နိုင်နေပေမယ့် အဓိက နိုင်ငံရေး အုပ်စုကြီးတွေနဲ့ အပေးအယူ လုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆို ထားပါတယ်။

လက်ဝဲရော လက်ယာရော နှစ်ဘက်စလုံး အရှုံးတွေ့ နေကြပြီ၊ အနှစ် ၂ဝ-၃ဝ လောက် နိုင်ငံရေး လုပ်လာကြပြီး တိုင်းပြည်ကို ကပ်ဆိုက်အောင် လုပ်ခဲ့ကြတယ်လို့ မစ္စတာ Grillo က ဝေဖန် ပြောကြား ခဲ့ပါတယ်။

အီတလီမှာ နိုင်ငံရေး အကျပ်အတည်း တွေ ဖြစ်လာနိုင်တယ်လို့ သတင်းထောက် တွေက သုံးသပ် နေကြပါတယ်။

အီတလီ ရွေးကောက်ပွဲ မရေရာမှု တွေကြောင့် စတော့ စျေးကွက်တွေမှာ ထိခိုက် ခဲ့ပါတယ်။

နယူးယော့ စတော့စျေးကွက်မှာ ၁ ၅ ရာခိုင်နှုန်းထိ ပြုတ်ကျ ခဲ့ပြီး နိုဝင်ဘာလ နောက်ပိုင်း အဆိုးဆုံး ပြုတ်ကျ ခဲ့တာပါ။

အီတလီ စီးပွားရေး စျေးကွက်က ယူရိုဇုန်မှာ တတိယ အကြီးဆုံး စျေးကွက်ဖြစ်လို့ ရွေးကောက်ပွဲ ရလဒ် မကောင်းလို့ စီးပွားရေး ပြုပြင်မှုတွေ ပျက်စီးခဲ့ရင် ယူရိုဇုန် အကြွေး ပြဿနာ ပြန်ဆိုးလာမှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။