BBC navigation

ကွန်ဂိုမှာ ဘေးဒုက္ခတွေ ဆိုက်နိုင်

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 00:51 GMT

ကွန်ဂိုက သူပုန်တွေ

ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံမှာ လူမှု ဘေးဒုက္ခတွေ အကြီးအကျယ် ဆိုက်ရောက်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

တောင်ပိုင်း Katanga ကတ်တန်ဂါ ပြည်နယ်က ပြည်သူ့စစ် တပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် လူသုံးသိန်းကျော်လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီလို ထွက်ပြေးနေရသူတွေ အရေအတွက် ဟာလည်း တိုးလာနေတယ်လို့ ကုလသမဂ္ဂ ကော်မရှင် အဖွဲ့ အကြီးအကဲ Roger Meece က ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်းက Kivu ဒေသ မြောက်ဖက်မှာ ရှိတဲ့ M23 သူပုန်တွေကလည်း သောင်းကျန်း နေတာမို့ အခြေအနေကို ထိန်းသိမ်းဖို့ အခုနောက်ဆုံး လွှတ်ထားတဲ့ ကုလသမဂ္ဂ တပ်ဖွဲ့ အရေအတွက် နဲ့လည်း မလုံလောက်ဘူးလို့ သူက ဆိုပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ အဲဒီ M23 သူပုန်တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးကြမှာလည်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။